❤️စက္ကူပန်း 31
အပိုင်း-၃၁
နံ့သာကသူ့ကိုရိုက်ပစ်ပြီးနောက်.အဆောင်ထဲသို့
ပြေးဝင်ကာအခန်းတံခါးကိုလည်းဂျက်ချလိုက်သည်။တံခါးကိုကျောမှီထားရင်းသူမရဲ့ရင်အစုံသည်ခုန်
ထွက်မတတ်စူဝေကာနာကျင်လျှက်ရှိသည်။မျက်ရည်တို့ကလည်းမိုးသီးမိုးပေါက်များလိုတပေါက်ပေါက်နဲ့ကြွေဆင်းလာခဲ့သည်။
" တောင်းပန်ပါတယ် မောင်ရယ်..တောင်းပန်ပါ
တယ်..."
မောင့်အချစ်ကိုလည်းယုံပါတယ်၊မောင့်သစ္စာကိုလည်းယုံပါတယ်ဒါပေမယ့်ကျွန်မအခုဒီလိုလုပ်မှဖြစ်
မှာမို့ပါ။(မနေ့က...
" ရှင်တစ်ခုနားထောင်ရမှာကျန်သေးတယ်.."
ခင်လွန်းကထိုသို့ဆိုတော့သူမနေရာမှာရပ်နေလိုက်
ပြီး...
" ဘာများလဲ..မောင်နဲ့အတူညစာစားခဲ့ကြတာကိုလား"" အဲ့ဒီ့လိုအပေါစားအကွက်တွေနဲ့ရှင့်ကိုအနိုင်မယူ
ပါဘူးမပန်းနု..
ပြန်ထိုင်လိုက်ပါပြောရမှာကရှည်တယ်လေ..."နံ့သာလည်းလူကြီးမဆန်ရာရောက်မှာစိုးလို့ပြန်
ဝင်ထိုင်ပြီးသူပြောတာကိုနားထောင်ဖို့အသင့်ပြင်လိုက်သည်။"ရှင်နားထောင်ဖို့ရှိတယ်ဆိုတာကပါမောက္ခကရှင့်ကိုပြောပြဖူးလားတော့မသိပေမယ့်သူကိုယ်စားလှယ်လုပ်နေတဲ့
ဆေးသုတေသနပရောဂျက်တစ်ခုရှိပါတယ်...."မောင်ကတိတိကျကျပြောဖူးတာမဟုတ်ပေမယ့်..
သူ့မှာဒီလိုအလုပ်တစ်ခုရှိတယ်လို့တော့ပြောဖူးတာ
မို့..
" ပြောဖူးပါတယ်..."ခင်လွန်းကပြုံးလိုက်ပြီး..
" သေချာတော့သိမယ်မထင်ဘူး....ဒါပေမယ့်ပြောပြလိုက်ပါ့မယ်..အဲ့ဒီ့ပရောဂျက်မှာroyalကရင်းနှီး
မြုပ်နှံထားတာပါ၊ စမ်းသပ်တာကအခုထိမအောင်မြင်သေးဘူး၊ပုံမှန်ဆိုလည်းဆေးဝါးအသစ်တစ်ခုကမ္ဘာကိုချပြဖို့က..အချိန်၊ငွေ..အများကြီးရင်းနှီးရတာ
ပါပဲ...။
လုံးဝမအောင်မြင်တာမျိုးရှိနိုင်တယ်လေ။ဒါတောင်
royalက ဒီပရောဂျက်ကိုဘာလို့ရင်းနှီးမြုပ်နှံထား
တယ်လို့ထင်လဲ?"" အားလုံး နင့်အစီအစဉ်တွေပဲပေါ့..."
" ကျွန်မတစ်ယောက်ထဲမဟုတ်ပါဘူး..ကျွန်မတို့ပါ
စီနီယာနဲ့ကျွန်မ အတူတူလုပ်ခဲ့တာပါ...
ESTÁS LEYENDO
My Ex-husband is Professor /စက္ကူပန်း
Romance"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်နဲ့..." " ရှင့်ကိုမျှော်နေတယ်ထင်လို့လား အံ့သြဘ.. ဒီမှာ ရှင်မေ့နေပြီထင်လို့သတိပေးလိုက်အုံးမယ်... ကျမပ...