Chapter.6 unicode

22.4K 732 22
                                    

❤️စက္ကူပန်း 6

                     အပိုင်း~၆

နံနက်၂နာရီခွဲလောက်မှခွဲစိတ်တာပြီး၍..သူတို့အလျိုလျိုထွက်လာကြသည်။
" အဆင်ပြေတယ်..ကိုယ်တွင်းသွေးယိုစိမ့်တာကို
တော့တားနိုင်ခဲ့ပြီ..အတွင်းဒဏ်ရာတွေကြောင့်
ICUမှာထားပြီးစောင့်ကြည့်ရမယ်..."
" ကျေးဇူးတင်ပါတယ်ပါမောက္ခ...ဆရာသာမလာရင်. ဒုက္ခရောက်ပြီ.."

" ကျေးဇူးတင်ဖို့မလိုပါဘူး...ကျွန်တော်တို့
Surgical teamမှာဆရာဝန်အမြဲအသင့်ရှိနေရမှာ... ပြီးတော့ ဒီနေ့အားလုံးလုပ်တာတော်ကြပါတယ် ပင်ပန်းသွားပြီ..."
သူနဲ့အတူခွဲခန်းဝင်ခဲ့တဲ့အကူတွေကိုလည်းလှမ်း
ပြီးချီးကျူးနှစ်သိမ့်ပေးသည်။

" ပါမောက္ခ တစ်ခုခုသုံးဆောင်ပါအုံးလားရှင့်.."
" နေပါစေတော့ဗျ..."
လူနာကိုICUထဲရွေ့မှာမို့ဒီညတော့နံ့သာတို့တာ
ဝန်မဟုတ်တော့ပေ။ပါမောက္ခဆိုတဲ့သူကလည်းသူ့တာဝန်ပြီးဆုံးတာနဲ့တာဝန်ကျဆရာဝန်ကိုမှာကြားပြီးအိမ်တန်းပြန်ပါသည်။နံ့သာရှိရာကိုတချက်လေးတောင်လှည့်မကြည့်သွားပါ။

"ငါဘာလို့ဒီလောက်တောင်ကံဆိုးတာလဲ..
သူရှိတဲ့နေရာမှာမှအလုပ်လျှောက်မိရတယ်လို့"
ဟင်း...ငါဘဝသစ်စတော့မယ်ဆိုကာမှဘာလို့ဒင်း
ကပေါ်လာတာလဲ...တိုက်ဆိုင်တာလား?
စောညီညီဆိုတဲ့လူကငါ့ဘဝကိုဖျက်ဆီးဖို့မွေးလာတာလား?

အစကမတွေ့ခဲ့ရင်ကောင်းမှာ..
နောင်တရမိတယ်၊ဖြူစင်တဲ့ရုပ်လေးနဲ့မို့ငါလည်းကျ
ရှုံးမိတာ..စတွေ့တုန်းကသူ့ပုံစံကဒီလိုတစ်ကိုယ်ကောင်းသမားဖြစ်လိမ့်မယ်လို့ဘယ်သူထင်မိမှာလဲ။

>>>>>>>>>>>
စောညီညီ ....
ခွဲစိတ်ဆရာဝန်ဆိုတော့အမြဲတမ်းအရေးပေါ်အခြေ
အနေနဲ့ပြေးလွှားနေရတာမို့ ..ဆေးရုံနဲ့အနီးဆုံးမှာ
ကွန်ဒိုတိုက်ခန်းရထားပါသည်။
အခန်းထဲပြန်ရောက်မှအကျီချွတ်ပြီးကုတင်ပေါ်ခြေ
ပစ်လက်ပစ်လှဲချလိုက်သည်။တနေ့လုံးခွဲခန်းတွေ
ဆက်နေတာမို့ အကြောအချင်တွေတောင့်တင်းနေ
့ပြီဖြစ်သည်။
မျက်လုံးများမှေးမှိတ်လိုက်သည်နှင့် ဖျက်ခနဲပေါ်လာတာက..ပန်းနုနံ့သာ...ဆိုတဲ့မိန်းမ...

My Ex-husband is Professor /စက္ကူပန်းHikayelerin yaşadığı yer. Şimdi keşfedin