Chapter.20 Unicode

25.3K 936 71
                                    

❤️စက္ကူပန်း 20

                     အပိုင်း~၂၀

သူလည်းအားအင်ပြည့်ကာသက်သာလာပြီမို့တစ်
ပတ်ပြည့်တော့..ပြင်ပလူနာကြည့်ပေးမယ်ဆိုလို့..
" နည်းနည်းလောက်ထပ်အနားယူပါအုံးလားဆရာ"
ဌာနကလူတွေကသူ့ကိုစိတ်ပူစွာတားကြသည်။

" ရပါတယ်...လူနာတွေရက်ချိန်းအတိုင်းမပြရရင်
သောက်ရမယ့်ဆေးတွေကုန်တာမျိုးနဲ့ မဖြစ်မနေ
ခွဲရမယ့်လူနာဆိုရင်လည်းအခြေအနေဆိုးလာလိမ့်မယ်..."

ဒီအခြေအနေနဲ့လူနာကြည့်အုံးမယ်ဆိုတော့နံ့သာ
်မှာသူ့ကိုဘာမှမပြောချင်ပေမယ့်.စိတ်ထဲကမနေနိုင်
ဖြစ်လာတာကြောင့်..လူအလစ်ကိုစောင့်ပြီးသူ့ရုံးခန်းထဲဝင်လာခဲ့သည်။

သူကရုံးခန်းထဲမှာကုသရေးမှတ်တမ်းကိုကွန်ပြူတာနဲ့ထိုင်ကြည့်နေသည်။

နံ့သာကစားပွဲရှေ့ကနေလက်ပိုက်ရပ်ကာ...
"ပါမောက္ခ အခုထိ ထမင်းတောင်သေချာမစားနိူင်ပဲနဲ့လူနာကြည့်အုံးမယ်ပေါ့..
အလုပ်ကိုလောဘကြီးလွန်းနေတာမဟုတ်ဘူးလား"

သူကမော့ကြည့်လာပြီး..
" ရောဂါဆိုတာအချိန်နဲ့တပြေးညီတိုးလာနေတာ..
ကုသရေးကအချိန်ဆွဲလို့မရဘူး..."

" ဒါပေမယ့် ကိုယ်စားလဲကုလို့တော့ရပါတယ်နော်
.. ဒါမှမဟုတ်ကျန်တဲ့ဆရာဝန်တွေကိုအလောင်းစည်သူလို့ထင်နေတာလား..."

" ဟေ့ ငါဘယ်မှာအဲ့လိုပြောမိလို့လဲ..
ငါကငါ့အလုပ်ကိုသေချာအောင်လုပ်ချင်ယုံပါ.."

" ပါချုပ်တရားတော်တွေသာနာနေတာ..အခုထိငါ
စွဲကမကျွတ်သေးဘူးပဲ.."
" ဟမ် ...ဘာ..."

" ရှင်မရှိရင်မဖြစ်ဘူးလို့တွေးနေတယ်မှတ်လား..
တကယ်လို့ရှင်သေသွားပါပြီတဲ့..."

" နေမကောင်းဖြစ်နေတဲ့လူကိုသေစကားပြောရမှ
ဖြစ်မှာလား?"
" ဟင်း..သေရမှာတော့ကြောက်သေးသားပဲ..."

ထိုစဉ်ရုံခန်းအပြင်ကလူရိပ်တွေကြောင့်..စကားကိုဆက်ပြီးအခြေအတင်ပြောနေလို့မရတာကြောင့်
နံ့သာလည်း...
" ဘာပဲဖြစ်ဖြစ်လူနာကြည့်ရင်တစ်ယောက်ကိုငါးမိနစ်လောက်ပဲကြည့်ပေါ့၊စမ်းသပ်တာဘာညာကို
လက်ထောက်ကိုခိုင်းလေ..
အထိုင်အထသိပ်မလုပ်နဲ့ ...ချုပ်ရိုးတောင်မဖြည်ရ
သေးဘူးမှတ်လား..အဲ့တာ....အဲ့တာလာပြောတာ"

My Ex-husband is Professor /စက္ကူပန်းOnde histórias criam vida. Descubra agora