Chapter.4 zawgi

6.3K 57 2
                                    

❤️စက္ကူပန်း...4

                 အပိုင်း-၎

ဒီလိုနဲ့တစ်နှစ်ပြီးတော့မောင်ဖိုင်နယ်ကိုရောက်လာ
သည်။နောက်ဆုံးနှစ်အပိုင်း(ခ)က၁နှစ်ခွဲတောင်တဲ့...ဟင်းး
ဒါပြီးရင်အလုပ်သင်ဖြစ်ပြီ၊ အလုပ်သင်ဖြစ်ရင်ဆေး
ရုံကလစာရမယ်..နည်းပါစေအုံး ကျောင်းစရိတ်တော့ထပ်မကုန်နိုင်တော့ဘူးဆိုတော့...မောင်အလုပ်သင်ဖြစ်တာနဲ့အိမ်ခွဲနေဖို့ကြိုးစားရမယ်။

အမေတို့နဲ့နီးနီးနားနားမှာနေမယ်..လင်မယားနှစ်
ယောက်စလုံးအလုပ်လုပ်မယ်။ဟင်းထမင်းကအမေနဲ့ပေါင်းစားရင်တောင်ရတယ်...
နံ့သာသည်ဤသို့အားခဲထားပြီး..အိမ်လခနဲ့စပေါ်
ငွေလေးရအောင်ယခုကတည်းကကြိုတင်စုဆောင်းဖို့လုပ်တော့သည်။

စုမယ်ဆိုပေမယ့် နံ့သာကိုသူတို့ကမုန့်ဖိုးရယ်လို့
တောင်ပေးသည်မဟုတ်၊ မောင်စာပြလို့ရတာလေး
အနည်းငယ်လောက်ပဲ နံ့သာလက်ထဲရောက်တာ
ဖြစ်သည်။အဲ့တာတောင်တစ်ခါတစ်လေမောင်က
အသုံးပိုသွားရင်နံ့သာဆီ ပဲစေ့လောက်ပဲရောက်သည်။ မဖြစ်ဘူးဒီပုံစံနဲ့ဆို ဘာမှစုမိမှာမဟုတ်ဘူး။

အဲ့တော့ မောင်ဘာတွေသုံးလဲတွက်ကြည့်တော့
အမြဲတမ်းကန်တင်းမှာစားနေတာကိုး..
ကန်တင်းမှာငွေတွေနံ့သာအိတ်ထဲရောက်လာအောင်ကြံဖန်ကာမောင့်ကိုထမင်းချိုင့်ထည့်ပေးဖို့လုပ်ရတော့သည်။

အိမ်ကိုတော့မောင်ကနောက်ဆုံးနှစ်ဆိုတော့အရမ်း
ကြိုးစားရမှာ..အခုတောင်တော်တော်ပိန်သွားလို့
အာဟာရဖြစ်အောင်ပါဟုအကြောင်းပြလိုက်သည်။
အိမ်ကရှမ်းမတွေက နံ့သာကိုသာမသထာရင်နေမယ်..အိုက်လင်းအတွက်ဆိုရင်တော့အေးဆေးပါ။

အဓိကတော့ မောင်ပဲ..ထမင်းချိုင့်ကြီးမထည့်ချင်
ထည့်ချင်နဲ့သယ်သွားရတာပေါ့။
" မောင်ကလူပျိုမို့လား..နေရာတကာပဲမများနဲ့နော်
ကြည့်နေတာအကောင်းမှတ်လို့..."

>>>>>>>>
အဲ့တာတောင်အိမ်ကလူတွေက မောင့်ကိုနံ့သာက
နိုင်စားတယ်ဆိုပြီးမကျေနပ်.. မောင့်မရီးဆိုတာလည်းမောင့်အစ်ကိုကြီးကိုကြောက်ရတာကိုး။ ခလေးတစ်ယောက်သာရပြီးပေမယ့်လင်ကိုတစ်ချိန်လုံးချွဲပစ်နေရတာသူ့မှာ..လင်ကမျက်နှာသာပေးမှလင်ဂုဏ်မောက်နိုင်တဲ့မိန်းမပါ။
မောင်နဲ့နံ့သာကြ မောင်ကပဲနံ့သာနားလိုက်ကပ်၊နံ့
သာစိတ်ဆိုးရင်လည်းသူ့မှာပြာပြနေတော့..ရှမ်းမ
တွေခမျာလောင်နေရသည်။

My Ex-husband is Professor /စက္ကူပန်းDonde viven las historias. Descúbrelo ahora