❤️စက္ကူပန်း 5
အပိုင်း~၅
အဆုံးရဲ့အစ,,,,,
ရက်ပေါင်း၃၂၀၀ကျော်ခဲ့ပြီး...၉နှစ်ဆိုတဲ့အချိန်
ကာလတစ်ခုကိုဖြတ်သန်းပြီးနောက်မှာ.....Royalပုဂ္ဂလိကအထူးကုဆေးရုံကြီးတွင်.အင်တာ
ဗျုးဖြေဖို့ရောက်ရှိနေတဲ့နံ့သာ။
ဟူးလွန်ခဲ့တဲ့၉နှစ်ကကော့သောင်းဘက်မှာတစ်နှစ်
လောက်ပဲနေပြီးနံ့သာတို့သားအမိရန်ကုန်ပြန်လာခဲ့
ကြသည်။
အရင်အိမ်မဟုတ်တော့တဲ့တခြားရပ်ကွက်မှာ
ဌားနေကြပြီး အမေကလည်းတခြားဈေးမှာသူရောင်းတတ်တဲ့အသီးအနှံတွေပြန်ရောင်းသည်။
နံ့သာလည်းအလုပ်ရှာပြီးလုပ်ရတာပေါ့။အမေကတော့ နံ့သာကိုဘဝသစ်ပြန်စစေချင်သည်
နောက်ထပ်လည်းကောင်းမွန်တဲ့လူနဲ့တွေ့ရင်အိမ်ထောင်ပြုပါလို့ဆိုသည်။ဒါပေမယ့်နံ့သာယောက်ျား
တွေကိုမယုံကြည်တော့ပါ၊ပြီးတော့ထပ်တွေ့ရတဲ့
လူတွေကလည်းနံ့သာအပေါ်တသက်လုံးကောင်းမွန်နိုင်လိမ့်မယ်လို့မထင်မိတော့ပါ။တကယ်တမ်းမှာနံ့သာအမေကတော့အချစ်သစ်ရှာ
တွေ့ခဲ့ပြီး လွန်ခဲ့တဲ့၃နှစ်ကအိမ်ထောင်ပြုသွားပါပြီ။
နံ့သာကိုယ်တိုင်လည်းကြည်ကြည်ဖြူဖြူသဘောတူ
ပေးခဲ့တာပါပဲ.. ဦးလေးကြီးကအမေ့ထက်၆နှစ်ငယ်
တဲ့လူပျိုကြီး၊အစိုးရရုံးဝန်ထမ်းမို့ လိုင်းခန်းရှိပါသည်။အမေ့ခမျာတသက်လုံးကိုယ်ပိုင်အိမ်နေရာမရှိ၊ယောက်ျားလုပ်စာဆိုတာလည်းမစားဘူးခဲ့တော့..
အခုလိုလူနဲ့တွေ့တာသူ့အတွက်ကံကောင်းလှပြီဟု
ယူဆနေသည်။အမေအိမ်ထောင်ပြုသွားတော့နံ့သာလည်းအဆောင်မှာပဲထွက်နေလိုက်တော့တယ်။ဘာပဲဖြစ်ဖြစ်၃၀
တောင်ကျော်လာပြီပဲ..နံ့သာလည်းကိုယ့်လမ်းကိုယ်ပြန်လျှောက်ဖို့အချိန်ရောက်နေပါပြီ။အဆောင်မှာတော့နံ့သာကလွဲရင်ကျန်တာကနယ်
ကလာတဲ့မိန်းခလေးတွေချည်းပင်။နံ့သာထက်လည်းငယ်ကြပါတယ် ..အသက်၃၀ကျော်အဆောင်သူဆိုတော့ရယ်တော့ရယ်ချင်စရာကြီးပေါ့။
ဒါပေမယ့်အိမ်တို့၊အခန်းတို့မှဌားမနေနိုင်ပဲလေ။
နံ့သာအလုပ်လုပ်ပေမယ့် အတည်တကြဝင်ငွေကောင်းတဲ့အလုပ်မျိုးကိုအခုထိကိုမရနိုင်ပါ။
CZYTASZ
My Ex-husband is Professor /စက္ကူပန်း
Romans"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်နဲ့..." " ရှင့်ကိုမျှော်နေတယ်ထင်လို့လား အံ့သြဘ.. ဒီမှာ ရှင်မေ့နေပြီထင်လို့သတိပေးလိုက်အုံးမယ်... ကျမပ...