❤️စက္ကူပန်း 35
အပိုင်း-၃၅
နံ့သာကသူမတို့ခလေးရတဲ့အထိမ်းအမှတ်နဲ့ဆေးခန်းကဆရာဝန်တွေ၊သူနာပြုတွေအကုန်လုံးကိုမုန့်မှာပြီး
ကျွေးပါသည်။မောင်ကဒီနေ့အတွက်ခွဲစရာလူနာပြီးတာနဲ့အဝတ်ပင်မလဲပဲကားနဲ့ခဏဆိုကာအပြင်ထွက်သွားပြီး၊
ပြန်လာတော့အားလုံးကိုစုပြီးနံ့သာကိုလည်းခေါ်ကာ...
" ကျွန်တော်အားလုံးကိုအသိပေးစရာရှိလို့ပါ..."
တဲ့။မောင်ဘာတွေအဆန်းလုပ်ပြန်ပြီလဲဟုနံ့သာကပြူး
ကြည့်နေသည်။
"တခြားတော့မဟုတ်ပါဘူး ကျွန်တော့်ကိုယ်ရေးကိုယ်တာကိစ္စလေးပါ။ကျွန်တော်နဲ့နံ့သာကလွန်ခဲ့တဲ့၁၃နှစ်ကတရားဝင်
လက်ထပ်ခဲ့ပေမယ့်..အကြောင်းအမျိုးမျိုးကြောင့်
ကွဲကွာခဲ့ပြီး ၉နှစ်အကြာမှာကျွန်တော်သူမနဲ့ပြန်ဆုံ
ခဲ့ရပါတယ်..."
သူကနံ့သာကိုစောင်းငဲ့ကြည့်ပြီး..."အခက်အခဲအမျိုးမျိုးကြားထဲကသူကကျွန်တော့်ကိုယုံကြည်ပြီးအခုလိုပြန်လက်တွဲခဲ့ကြတယ်...
အခု ကျွန်တော်တို့နှစ်ယောက်စလုံးမျှော်လင့်တဲ့နေ့
ကိုရောက်လာပါပြီ..."မောင်ကစကားတစ်လုံးတိုင်းကိုခက်ခက်ခဲခဲပြော
နေတာဖြစ်ပြီး..သူဘယ်လောက်စိတ်လှုပ်ရှားနေ
ကြောင်းသိသာလှသည်။အားလုံးကလည်းသူ့ကို
စိတ်ဝင်တစားငေးကြည့်နေကြသည်။" ဒါပေမယ့်အခုထိအလုပ်များတာကြောင့် ကျွန်တော်တို့သေချာပြန်လက်မထပ်ရသေးပါဘူး ..အဲ့တာကြောင်အခု ကျွန်တော် သူ့ကို အားလုံးရှေ့မှာသက်သေထားပြီးလက်ထပ်ခွင့်တောင်းချင်လို့ပါ..."
မောင့်လုပ်ရက်ကိုအားလုံးကအံ့အားသင့်နေတုန်း
သူကနံ့သာရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်ကာ..
" နံ့သာ..ဇနီးရေ ....
မောင့်ကိုပြန်လက်ထပ်ပါ..."
ခုနကမှအပြေးအလွှားသွားဝယ်လာတဲ့လက်စွပ်ဘူး
ကိုဖွင့်ကာ..လက်ထပ်ခွင့်တောင်းပါသည်။သူ့ဆီကနေဘာစပရိုက်မှမရဘူးတဲ့အတွက်နံ့သာ
မှာအံ့သြဝမ်းသာခြင်းနဲ့အတူရင်ထဲတလှပ်လှပ်တုန်ရင်နေရပြီးမျက်ရည်တွေတောင်စို့လာရပါသည်။
" မောင်......" အဟင့်..
ВЫ ЧИТАЕТЕ
My Ex-husband is Professor /စက္ကူပန်း
Любовные романы"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်နဲ့..." " ရှင့်ကိုမျှော်နေတယ်ထင်လို့လား အံ့သြဘ.. ဒီမှာ ရှင်မေ့နေပြီထင်လို့သတိပေးလိုက်အုံးမယ်... ကျမပ...