❤️စက္ကူပန်း 9
အပိုင်း~၉
မနက်ဂျူတီထွက်ချိန်အိမ်ပြန်ဖို့ကားမှတ်တိုင်သို့လမ်းလျှောက်လာတဲ့နံ့သာ..ဆေးရုံနဲ့ကားမှတ်တိုင်က
တော်တော်လှမ်းသည်။ဆေးရုံကကုန်းမြင့်လိုနေရာ
မှာရှိနေတာကြောင့်..လာရင်ကုန်းတတ်၊ပြန်ရင်ကုန်းဆင်းရတာပေါ့။
နိုက်ဂျူတီသမားတွေပြန်ချိန်မို့..နံ့သာလိုယူနီဖောင်းနဲ့ကောင်မလေးတွေအများကြီးပဲဖြစ်သည်။" ဆရာ မင်္ဂလာပါ..."
ရှေ့ကကောင်မလေးတွေနှုတ်ဆက်သွားလို့လှမ်း
ကြည့်လိုက်တော့..မီးပွိုင့်မိနေတဲ့ကားထဲမှာသူ၊
အပြာနုရောင်ရှပ်အကျီလက်ရှည်ကိုမှလက်နေရာ
မှာတံတောင်ဆစ်အထိပြန်ခေါက်တင်ထားပြီး..
လက်တစ်ဖက်ကစတီယာတိုင်ကိုကိုင်ထားလျှက်၊
သူ့အားလှမ်းနှုတ်ဆက်သွားသောကောင်မလေးများ
ကိုခေါင်းငဲ့ကာပြန်နှုတ်ဆက်သည်။
ဟွန့် ပဲကြော်ကြီး...😏သူလည်းအခုမှဆေးရုံကထွက်လာတာဖြစ်မည်။
" ပါမောက္ခ မင်္ဂလာပါ..."
နံ့သာရှေ့ကကောင်မလေးအုပ်စုကလည်းနှုတ်ဆက်တာကြောင့် သူကလှည့်ကြည့်ပြီးခေါင်းညိတ်ကာ
ပြုံးပြပြန်သည်။နံ့သာကိုလည်းမြင်သွားပြီပေါ့၊နံ့သာကတော့ခေါင်း
ကိုတဖက်လှည့်ကာမသိချင်ယောင်ဆောင်ရင်း
ဆက်လျှောက်သည်။ ညကသူမလုပ်မိတာနဲနဲတော့
လွန်သွားတယ်မှတ်လား။
ဒါပေမယ့် မတောင်းပန်နိုင်ပါဘူး...လုံး၀မီးပွိုင့်လွှတ်တော့သူ့ကားကနံ့သာတို့ကိုပြန်ပြီးကျော်တတ်သွားသည်။နက်ပြောင်နေတဲ့BMWX6
ကားသစ်ကြီးရဲ့နောက်ပိုင်းကိုငေးကြည့်ရင်း..
" မိုက်လိုက်တာ..ငါကောဘယ်တော့မှများကိုယ်
ပိုင်ကားစီးနိုင်မှာလဲ ဟူး..."သူ့အိမ်ကလည်းဒီနားကအဆင့်မြင့်ဗီလာမှာဟုကြားဖူးသည်။
" ရှင်ကတကယ်ကောင်းစားနေတာပဲ..."
လက်ရှိမှာတစ်ယောက်ထဲနေတယ်လို့လည်းပြောကြတာကြောင့်၊
"တွဲနေတဲ့မိန်းကလေးတော့ရှိမှာပါလေ..ဒီလောက်
နှစ်တွေအကြာကြီးကို ငါ့လိုတစ်ယောက်ထဲဖြတ်သန်းပါလိမ့်မယ် အားကြီးကြီး..."သူ့အနားမှာလည်းဝိုင်းဝိုင်းကိုလည်နေတာဆိုတော့
ဆေးကျောင်းသားလေးစောညီညီတုန်းကလိုတော့အချစ်ကိုဂမူးရှူးထိုးဘယ်ဖြစ်တော့မလဲ။
ŞİMDİ OKUDUĞUN
My Ex-husband is Professor /စက္ကူပန်း
Romantizm"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်နဲ့..." " ရှင့်ကိုမျှော်နေတယ်ထင်လို့လား အံ့သြဘ.. ဒီမှာ ရှင်မေ့နေပြီထင်လို့သတိပေးလိုက်အုံးမယ်... ကျမပ...