Chapter.16 Unicode

22.1K 787 44
                                    

❤️စက္ကူပန်း 16

                     အပိုင်း~၁၆

ဆေးရုံမှာတစ်လတစ်ခါအလုပ်ရုံအစည်းအဝေးကျင်းပသည်။ဌာနမှူးတွေနဲ့ဆေးရုံကတာဝန်ရှိသူတွေတတ်ရောက်ရပြီး..ဌာနအသီးသီးရဲ့တစ်လတာလုပ်ဆောင်ချက်တွေနဲ့ လိုအပ်ချက်တွေကိုဖလှယ်
ကြသည်။

ပါမောက္ခစောညီညီလည်းသူ့ဌာနအတွက်တတ်ရောက်ရပြီး..တော်ဝင်ခင်လွန်းကဒီနေရာမှာတော့
မေ့ဆေးပါရဂူမဟုတ်ပဲ၊အလုပ်အမှူဆောင်တစ်ယောက်အနေနဲ့တတ်ရောက်ပါသည်။

"ကျွန်မတို့Royalကလူကြီးမင်းတို့ရဲ့စေတနာ၊အင်အားနဲ့လုပ်ဆောင်ချက်တို့ကြောင့်သာအခုလိုအောင်အောင်မြင်မြင်ရပ်တည်နိုင်တာပါ..
နောက်လည်းကြိုးစားပေးကြပါအုံးရှင်..."

" ဒါဆိုအစည်းအဝေးကိုဒီလောက်နဲ့ပဲ..ရပ်နားပါ့မယ်.."

ဌာနမှူးတွေကိုယ်စီအသီးသီးထပြန်ကြလျှင်နောက်
ဆုံးစောညီညီပဲအစည်းအဝေးခန်းမထဲကျန်နေတာ
မို့... ခင်လွန်းကလည်းထွက်မသွားပဲ..
" စီနီယာ..တစ်ခုခုပြောစရာရှိလို့လားရှင်..."

ဟင်!ခုနကတည်းကအစည်းအဝေးခန်းထဲမှာထိုင်
နေပေမယ့်သူ့စိတ်ကတခြားရောက်နေတာကြောင့်.
ကြားတချက်မကြားတစ်ချက်ရှိလှတာမို့ထမသွားရ
သေးတာဖြစ်ပြီး..ခင်လွန်းကမေးလိုက်တော့မှခေါင်းထဲဖျက်ခနဲလင်းလာပြီး..

"သိပ်ကြီးကြီးမားမားကိစ္စတော့မဟုတ်ပေမယ့်..
Nurse aidတစ်ယောက်လောက်wardထဲလိုနေတယ်...."
" ရှင်..."

ဌာနမှူးတစ်ယောက်အနေနဲ့ဒီလိုတောင်းဆိုစရာမလိုတဲ့အတွက်ခင်လွန်းအံ့သြသွားသည်။ဆရာဝန်
လိုအပ်တယ်ဆိုရင်ဟုတ်သေး။
" လူသစ်ထပ်ဖြည့်ပေးရမှာလား၊ဆရာ...
တစ်ယောက်နဲ့လောက်ပါ့မလား..အသစ်ထပ်ခေါ်
လိုက်ပါ့မယ်..."

" မဟုတ်ဘူး...အသစ်ဆိုရင်အစကနေသင်ပေးဖို့
အချိန်မရှိလို့..အသက်ငယ်တဲ့လူကိုလည်းမလိုချင်
လို့၊အသက်၃၀ ဝန်းကျင်လောက်..
နည်းနည်းစိတ်ရှည်ပြီး၊သွက်သွက်လက်လက်ရှိတဲ့
အကူမျိုးကိုလိုချင်တယ်...ဒီဆေးရုံထဲကပဲဆိုရင်
ပိုကောင်းတာပေါ့..."

သူကနံ့သာကိုပုံဖော်ပြီးလှည့်ပတ်ပြောနေပေမယ့်
ခင်လွန်းကတစ်ယောက်ယောက်ကိုရည်ညွှန်းနေမှန်းရိပ်စားမိပြီး...
" ဧကန်န မျက်လုံးထဲမြင်မိတဲ့လူများရှိလို့လား
ဆရာ..."

My Ex-husband is Professor /စက္ကူပန်းHikayelerin yaşadığı yer. Şimdi keşfedin