Chapter.19 Unicode

22.9K 827 24
                                    

❤️စက္ကူပန်း 19

                     အပိုင်း~၁၉

ခင်လွန်းကဆေးရုံတွင်းသတင်းတွေကိုထိန်းထားပေမယ့်..လူနာတွေနဲ့လူနာစောင့်တွေကလည်းအဲ့ဒီ့
နေရာမှာရှိနေခဲ့တော့..Royalမှာလူနာတစ်ယောက်ကအကြမ်းဖက်လို့ဆရာဝန်တစ်ယောက်ဓားထိုး
ခံလိုက်ရတဲ့သတင်းကတော့အွန်လိုင်းပေါ်ကိုရောက်လာပါသည်။

အဲမိုတွေ့တော့သူ့ဆီအလန့်တကြားနဲ့ဖုန်းဆက်သည်။
ခွဲခန်းထဲကထွက်ထွက်လာခြင်းအက်ဆီးဒင့်ဖြစ်တာ
ကြောင့်..သူ့ဖုန်းကwardထဲကနီလာတို့ဆီမှာ..
သိမ်းထားတာဖြစ်သည်။

နီလာကလည်းသူ့အစ်မဆက်တာကြောင့်ဘာလုပ်
ရမှန်းမသိလို့သူ့ဆီအမြန်ယူလာပေးရသည်။

" အစ်မငယ်ထင်တယ်...ဘယ်လိုပြောလိုက်ရမလဲ
ဆရာ..."
" ရှူး... ပေး...."
သူကိုင်လိုက်ပြီး...
" အဲမို ပြော...."
" အိုက်လင်းရေ နင်တို့ဆေးရုံမှာဓားထိုးမှုဖြစ်လို့ဆို
ငါကနင်များလားလို့.."

" မဟုတ်ပါဘူး..တခြားဆရာဝန်ပါ..."
" ဘာလို့နင့်ဖုန်းကို တခြားလူကိုင်တာလဲ..."
" ကျွန်တော်ခွဲခန်းဝင်နေလို့လေ..."

" တကယ်နင်မဟုတ်ပါဘူးနော်၊ ဒီမှာနင်လို့ပြောနေကြလို့..."
" မဟုတ်ပါဘူးဆို..မယုံရင်ခင်လွန်းကိုမေးကြည့်
ပါလား..ဒီမှာ..."

ခင်လွန်းကအစာမစားရသေးတဲ့သူ့ကိုအမိုင်နိုအက်ဆစ်ပရိုတင်းပါတဲ့electrolytesကိုပိုက်ပျော့
နဲ့သွေးကြောကနေသွင်းပေးနေတာမို့အနားရှိနေလို့
ဖုန်းထိုးပေးလိုက်သည်။

" ဟုတ်ကဲ့ ခင်လွန်းပါမငယ်...စီနီယာမဟုတ်လို့
မစိုးရိမ်ပါနဲ့နော်..."
" သြော် အေးအေး ခင်လွန်းရေ..ငါကအိုက်လင်း
ကိုစိတ်ပူလို့ပါ။ နင်တို့အလုပ်လုပ်နေတာနှောက်
ယှက်မိသွားပြီ..ဒါပဲနော်..."

အဲမိုဆီကဖုန်းချသွားတော့မှ..
" တောင်းပန်ပါတယ်၊ မင်းကိုပါလိမ်ခိုင်းသလိုဖြစ်
သွားပြီ။ သက်သက်မဲ့အမေ့ကိုစိတ်မပူစေချင်လို့ပါ.."

" နားလည်ပါတယ်၊ ဒါနဲ့ သိလား..စီနီယာကလေ
တစ်စုံတစ်ယောက်ကိုလိမ်တာမျိုးဒါပထမဆုံးမြင်ဖူး
တာပဲ..၊ ပုံမှန်ဆိုစီနီယာကညာမပြောတတ်ဘူးလေ"
" ခင်ဗျာ..."
ခင်လွန်းရှေ့မို့သူရှက်သွားပြီးခေါင်းကုတ်ကာမျက်
နှာတွေရဲလာသည်။ ခင်လွန်းကပြုံးပြီး...
" ကျွန်မက သဘောကျလို့စနောက်လိုက်တာပါ
ဆရာ...စိတ်မရှိပါနဲ့.."
" ဟုတ်ကဲ့ ...အဲ့လိုကိုး..."

My Ex-husband is Professor /စက္ကူပန်းOnde histórias criam vida. Descubra agora