Chapter.3 unicode

19.9K 629 8
                                    

❤️စက္ကူပန်း...3

                 အပိုင်း-၃
မောင့်အိမ်ကလုံးချင်းမဟုတ်ပဲတိုက်ခန်း၄လွှာမှာ၊
ပေ၂၀ပေ၆၀ဆိုပေမယ့်..ကန်ထရိုက်တိုက်တွေရဲ့
ထုံးစံအတိုင်းအကျယ်၁၈ပေ၊အလျားက၅၅ပေပဲရှိ
တာပါ။
တိုက်ခန်းတစ်ခုထဲမှာ..မောင့်အဖွား၊မောင့်ကြီးတော်၊မောင့်အမေ(မောင်ကအဖေမရှိတော့ဘူး)
၊မောင့်အစ်ကိုကြီးနဲ့သူ့မိန်းမရယ်ခလေးရယ်၊ပြီးတော့မောင့်အစ်မ၂ယောက်ရယ်..အားလုံးပေါင်း၈ယောက်ကို မောင်နဲ့နံ့သာပါပေါင်းရင်၁၀ယောက်
အတိဖြစ်သည်။
အခန်းခွဲတမ်းကြ..သူငယ်ပြန်နေတဲ့မောင့်အဖွားနဲ့
ကြီးတော်ကအိမ်ရှေ့ခန်းမှာ၊ အလယ်မှာမောင့်အစ်
ကိုအကြီးဆုံးမိသားစုကတစ်ခန်း၊ပြီးတော့မောင့်အမေနဲ့အစ်မတွေကတစ်ခန်း...မီးဖိုချောင်နဲ့ကပ်ရပ်မှာမှနဂိုရှိပြီးသားမောင့်အခန်း ပြီးတော့မီးဖိုချောင်
နဲ့ရေချိုးခန်း၊အိမ်သာပဲရှိတော့သည်။

မင်္ဂလာဦးအတွက်ခန်းဝင်လက်ဖွဲ့အနေနဲ့တောင်
ဘာဆိုဘာမှပြင်မပေးထားပါ။သူတို့ပုံစံကနံ့သာကို
အိမ်ပေါ်ခေါ်ထားတာတောင် ကံကောင်းလှပြီဆိုတဲ့
အထာနဲ့...
မောင်ကတော့ နံ့သာလိုချင်တဲ့ခန်းဝင်ပစ္စည်းဝယ်ဖို့
ဆိုပြီးသူစုထားတဲ့ပိုက်ဆံထုတ်ပေးပါသည်။ဒါပေမယ့်ဘာကိုဘယ်လိုဝယ်ထည့်ရမလဲ?..မောင့်အခန်း
ကမောင့်တစ်ယောက်စာမို့ ခပ်ကျဉ်းကျဉ်းမှာမောင့်
စာအုပ်တွေကပင်အတော်နေရာယူထားပြီးနေပြီ။

နံ့သာဘာမှဝယ်ချင်စိတ်လည်းမရှိတော့..အဝတ်အ
စားကတော့မောင့်ဘီဒိုရဲ့အောက်ထပ်မှာပေါင်းထည့်ရင်ရပြီပဲ..ကျန်တာလည်းဖြစ်သလိုပေါ့လေ။
မဖြစ်မနေဆိုခေါင်းအုံးတစ်လုံးပဲဝယ်စရာရှိသည်။

ဒီညတော့မောင့်ခေါင်းအုံးကိုတစ်ယောက်တစ်ခြမ်း
အုံးအိပ်ရတော့မှာပဲ...
မောင်ကတော့သူစိတ်မချဖြစ်နေတဲ့နံ့သာကိုသူ့အခန်းထဲခေါ်ထားနိုင်ပြီဆိုတော့..ကျေနပ်နေရှာမှာပေါ့
လေ။ နံ့သာပဲ..နံ့သာဘယ်လောက်စိတ်ကျဉ်းကြပ်
နေလဲ..မောင်သိမှာမဟုတ်ဘူး။

နံ့သာအိမ်မှာဆို အိမ်ဌားဆိုပေမယ့်လုံးချင်း၊မိသား
စု၃ယောက်ဆိုပေမယ့် အဖေကအိမ်ကပ်တာမဟုတ်ဘူးဆိုတော့ နံ့သာတို့သားအမိပဲရှိတာမို့
နေချင်သလိုနေပါလိမ့်၊အကျယ်ကြီးပင်။

My Ex-husband is Professor /စက္ကူပန်းDonde viven las historias. Descúbrelo ahora