192-197

907 80 11
                                    

Zawgyi

#chapter192
စားသောက်ပွဲရဲ့ ကြိုတင်မမြင်နိုင်တဲ့ပွဲ ၂

ထိုချောမောတဲ့လူရဲ့ အသားအရေက ဖောက်ထွင်းမြင်နိုင်လုနီးနီး ဖြစ်နေကာ သူ့မျက်လုံးတွေက ဒေါသကြောင့် ရဲရဲတောက်နေ၏ သိသာစွာပင် သူက နန်ကျင်းအထောက်တော် စန်ချုံးဖြစ်လေသည်။

သူက အရာရှိများနဲ့ သူတို့မိသားစုတွေကို ပျော်ရွှင်ခြင်းကင်းမဲ့စွာ ငုံ့ကြည့်လိုက်သည်။ ဒီချင်းရန်ရဲ့ ငမိုက်သားတွေက သူ့ကို လှောင်ပြောင်ရဲသည်။ ဒီတော့ သူတို့အားလုံး သေမှ သူကျေနပ်ပေမည်။

"အားလုံးကို သတ်!"
စန်ချုံး ရက်စက်စွာ အမိန့်ပေးလိုက်ကာ သူ့အမိန့်သံက ကောင်းကင်အနှံ့ ပျံ့နှံသွားလေ၏

မကောင်းဆိုးဝါးတွေအကုန် သူတို့သတိအနေအထား ပြင်လိုက်ကာ သစ်သားမြွေတွေကို တစ်ရှိန်ထိုး စီးနင်းကာ ဆင်းလာကြပြီး ရှည်လျားပြီး တောက်ပနေတဲ့ ဓားရှည်တွေကို စတုရန်းကွက်ထဲက လူတွေဆီ ဦးတည်လိုက်ကြသည်။ သွေးတွေက နေရာတိုင်း ပျံ့နှံ့သွား၏

တိုက်ခိုက်ခြင်းကို နကန်းတစ်လုံးမှမသိတဲ့ မိန်းမပျိုတွေကတော့ ကြောက်လန့်တကြားဖြင့် အရပ်မျက်နှာမျိုးစုံကို ပြေးကုန်ကြကာ အော်ဟစ်ကုန်ကြ၏
"ကယ်ကြပါ....."

အစောင့်စစ်သားတွေကလည်း သူတို့ ဓားရှည်တွေကို ဆွဲထုတ်ကာ မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ကုန်ကြသည်။ စတုရန်းတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေလေပြီ။

"စန်ချုံး မင်း ဘယ်လိုလုပ်ပြီး ချင်းရန်ပြည်သူတွေကို ထင်သလို သတ်ရဲတာလဲ မင်းတို့ဧကရာဇ်က မင်းကို အပြစ်ပေးမှာ မကြောက်ဘူးလား"
အရာရှိတုက အစောင့်တွေနောက်မှာ ရပ်ပြီး စန်ချုံးကို မုန်းတီးစွာ ကြည့်ကာ အော်လိုက်၏

စန်ချုံးက လှည့်လာကာ သူ့က်ု အထင်သေးစွာ ကြည့်လိုက်ပြီး
"ဧကရာဇ်နန်က မင်းတို့ကို အရိုးအသားထဲကကို မုန်းနေတာ ငါသာမင်းတို့အကုန်လုံးကို သတ်လိုက်ရင် မင်းတို့ တိုင်းပြည်က ငါတို့ပိုင်သွားလိမ့်မယ် ဒါဆို ဧကရာဇ်ကလည်း ငါ့ကို အပြစ်တင်မဲ့အစား ဆုချလိမ့်မယ်"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now