69 (zawgyi+unicode)

5.7K 659 8
                                    

Zawgyi

ကျန်းအိမ်တော်မှာတော့ တုသခင်မကြီးက အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားတယ်။ သူမခေါင်းပေါ်မှာ အပြာရောင်ကျောက်မျက်နဲ့ပြုလုပ်ထားတဲ့ ဆံထိုးကိုဆင်ယင်ထားတယ်။ သူမစိတ်ကြည်ကြည်လင်လင်နဲ့ စားပွဲခုံအဝိုင်းရဲ့ထိပ်ဆုံးမှာ မနက်စာထိုင်စားနေတယ်။

စားပွဲပေါ်မှာလည်း မက်မွန်သီးကိတ်တွေ၊ နာနတ်သီးကိတ်တွေ၊ ကြက်သား၊ ဘဲသားနဲ့ ဆန်ပြုတ်တွေ ပြည့်နှက်နေတယ်။ အနံ့နဲ့တင် သွားရည်ကျနိုင်လောက်တယ်။

တုသခင်မကြီးက ဆန်ပြုတ်တစ်ခွက်သောက်နေတယ်။ မသိမသာလေး ကပ်မေးလိုက်တယ် “အဖွားကြီးဂိုရေ၊ ‘အဲ့ဒီ့’ကနေ သတင်းလေးဘာလေး မရဘူးလား?”

အဖွားကြီးဂိုဆိုတာက တုသခင်မကြီးရဲ့အစေခံတစ်ယောက်ဖြစ်ပြီး အယုံကြည်ရဆုံးသူတစ်ယောက်လည်းဖြစ်တယ်။ တုသခင်မကြီး တောင်းဆိုးသမျှကိုလည်း သူမကပဲလုပ်ဆောင်ပေးနေတာဖြစ်တယ်။

တုသခင်မကြီးက အရမ်းကိုသတိတကြီးနဲ့မေးလိုက်ပေမယ့် အဖွားကြီးဂိုကတော့ နားလည်တယ်။ “ဘာသတင်းမှ ရောက်မလာသေးပါဘူး မမကြီး!”

တုသခင်မကြီး အလန့်တကြားဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်တယ် “အတော်လေးကြာနေပြီလေ ဒါတောင်မှဘာသတင်းမှမရသေးဘူးလား? တကယ်လို့မကောင်းတာတစ်ခုခုဖြစ်ခဲ့ရင်…”

အဖွားကြီးဂိုက လေသံနဲ့ပြန်ဖြေတယ် “စိတ်မပူပါနဲ့ မမကြီး၊ ကျွန်မတို့က ချင်းယန်ရဲ့အရက်စက်ဆုံးနဲ့ အားအကောင်းဆုံး လုပ်ကြံသူတွေကိုငှားထားတာပါ… မုရုံရွှယ်က သန်မာတယ်ဆိုရင်တောင် ဘယ်လိုမှလွတ်အောင် ထွက်ပြေးနိုင်မှာမဟုတ်ဘူး…”

“ရှင်ပြောချင်တာ သူ့ကိုလား?” ရေခဲတမျှအေးစက်တဲ့အသံတစ်ခု ထွက်ပေါ်လာပြီး ဘာမှမသိတဲ့အရာတစ်ခု အခန်းထဲကိုလွင့်လာကာ တုသခင်မကြီးရှေ့ကို ကျရောက်သွားတယ်။

တုသခင်မကြီးခေါင်းကို ငုံ့ကြည့်လိုက်တော့ သွေးရောင်တောက်နေတဲ့မျက်လုံးတစ်စုံးနဲ့အတူ သူမကိုစိုက်ကြည့်နေတဲ့ ခေါင်းပြတ်တစ်ခုကို တွေ့လိုက်ရတယ်။ သွေးတွေက မျက်လုံးကနေစီးကျလာပြီး ခေါင်းတစ်ခုလုံး သွေးတွေနဲ့ရွှဲနစ်နေတယ်။ သူ့ဆီကကျလာတဲ့ သွေးစက်တွေကလည်း တုသခင်မကြီးရဲ့ဆန်ပြုတ်ခွက်ကို စင်သွားတာကြောင့် သွေးချင်းချင်းရဲသွားတယ်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now