131: ငြင်းချက်ထုတ်ခြင်း

1.4K 197 17
                                    

မုရုံရွှယ် နှုတ်ခမ်းတွန့်ကာ လှောင်ပြောင်လိုက်တာကို ဘယ်သူမှ သတိမထားလိုက်မိပေ။ ချင်းယုယွမ်က အကျဉ်းအကျပ်ထဲ ကျရောက်နေကာ သူမကို အဲ့ထဲ ဆွဲသွင်းဖို့ ကြိုးစား​နေသည်။ သူမက သေချင်မှတော့ လုပ်ပေးရတာပေါ့
"ဘာလို့ ငါက နင့်ကို ထောင်ချောက်ဆင်ရမှာလဲ"

"ဘာလို့လဲဆိုတော့ ငါက နင့်သတို့သားလောင်းကို လုသွားလို့လေ အဲ့တာကြောင့် နင်ငါ့ကို အာဃာတထား စက်ဆုပ်စရာ အရှက်မရှိတဲ့နည်းတွေသုံးပြီး ငါ့ကို ထောင်ချောက်ဆင်တာမလား"
မျက်လုံးတို့ မီးဝင်းဝင်းတောက်လျက် ချင်းယုယွမ် အပြစ်တင်လိုက်သည်။

မုရုံရွှယ် တခစ်ခစ်ရယ်မောကာ
"ငါ ဘယ်တုန်းကမှ မင်းသားကျင်းကို သတို့သားလောင်းလို့ မသတ်မှတ်ထားပါဘူး နင်လိုချင် ယူသွား ငါဘာမှမပြောဘူး မြို့တော်က သတင်းတွေအတွက်က​တော့ သူတို့ နင်တို့နှစ်ယောက်ကို ရယ်နေမှာပဲ တစ်ယောက်က သူ့ဇနီးကို ကိုယ်လုပ်တော်နေရာ လျှော့ချတယ် နောက်တစ်ယောက်က မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုမှမထောက် သူများသတို့သားလောင်းကို ခိုးယူတယ်"

"ပါးစပ်ပိတ်ထား!"
ချင်းယုယွမ် မျက်လုံးထဲ မီးဝင်းဝင်းတောက်လျက် သူမကို ဖြတ်ပြောလိုက်သည်။ သူမက မော့ပေက မင်းသမီးတစ်ပါးပဲ ဒီနှစ်တွေမှာ ဘယ်သူမှ သူမအကြောင်း နောက်ကွယ်မှာ မပြောရဲ မလှောင်ရဲဘူး မုရုံရွှယ် ကတော့ စည်းကျော်နေပြီပဲ

"နင်က အိမ်တော်ထဲမှာပဲ နေနေတဲ့ မိန်းကလေးပဲ နင့်ကိုယ်နင်တောင် ဂရုမစိုက်နိုင်ပေမဲ့ အရင်မင်းသားကျင်းကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ် ဆိုတော့ကား မတိုက်ဆိုင်လွန်းဘူးလား"

လူတိုင်းရဲ့ အကြည့်က မုရုံရွှယ်ဆီ ကျရောက်လာသည်။ ပိန်သွယ်တဲ့ ခန္တကိုယ်နဲ့ ဖျော့တော့နေတဲ့ မျက်နှာကို ကြည့်ရင် သူမ နေမကောင်းဘူးဆိုတာ သိသာသည်။ သူမကိုယ်သူမ ဂရုမစိုက်နိုင်ပေမဲ့ အခု အရင်မင်းသားကျင်းကို အဆိပ်ဖြေပေးလိုက်နိုင်သည်။ ဒါက တကယ့်ကို သံသယဝင်စရာပင်။ သူမက အဆိပ်ခတ်တဲ့လူများလား အဲ့တချက်ကပင် သူမ ဘာလို့ အဆိပ်ဖြေဆေးကို အလွယ်တကူသိလဲ ရှင်းပြနိုင်သည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Donde viven las historias. Descúbrelo ahora