Zawgyi
သူမအိမ်တော်မှာ လာနေမယ်?
မုရုံရွှယ် မျက်လုံးတို့ မြင့်တက်သွားကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ယောက်ျားပီသသော အသံတစ်ခုက ထွက်လာလေသည်။
"မရဘူး!"မုရုံရွှယ် အသံနောက်ကို လိုက်ကြည့်တဲ့အခါ နှင်းလို ဖြူစွတ်နေတဲ့ ဝတ်ရုံဝတ်ထားတဲ့ အိုးရန်ကို တွေ့လိုက်ရသည်။ ခြေလှမ်းကျယ်တွေနဲ့ လျှောက်လာတာကြောင့် သူ့ဝတ်ရုံက လိပ်ပြာကဲ့သို့ လွင့်နေပြီး သူ့ရဲ့ မွေးရာပါ မြင့်မြတ်တဲ့ အငွေ့အသက်တို့ကလဲ ဖြာထွက်ပြီးရင်း ဖြာထွက်လာသည်။
သူ့နှုတ်ခမ်းက တွန့်ချိုးနေကာ မုရုံရွှယ်ကို ကြည့်လိုက်တော့ သူမရဲ့ သဘာဝမဆန်တဲ့ အပြုံးကို မြင်လိုက်ရသည်။
"ဒါ.. ရှင်ဒီကို ဘယ်လိုရောက်လာတာလဲ ""သဘာဝက မင်းဆီ ခေါ်လာတာလေ"
အိုးရန်အကြည့်က နက်ရှိုင်းသထက် နက်ရှိုင်းလာသည်။ သူ့ ကိစ္စတွေ အပြတ်ဖြတ်ပြီး လင်းကျန်းမျှော်စင်ကို ပြန်ရောက်လာတော့ ဖဲသားမြှားနဲ့ အပစ်ခံထားရတဲ့ ဝါးသေတ္တာတွေကို တွေ့ခဲ့ပြီး လုံလုံခြုံခြုံ ထွက်ခွာသွားသည်ကိုလဲ သိလိုက်ရသည်။ သူမအဆင်ပြေတယ်လို့ သတ်မှတ်လို့ရတဲ့ သဲလွန်စကို တွေ့လိုက်ရပြီး အဲ့နောက် လိုက်ကာ ဒီကို ရောက်လာတာဖြစ်သည်။ ဒီရောက်တော့ ဖြစ်ပျက်နေတာတွေကို နားလည်လိုက်သည်။"မြစ်ဘေးမှာ ရေစိုနဲ့ နေနေတယ်ပေါ့ အအေးမိမှာ မကြောက်ဘူးလား"
အိုးရန် နှာမှုတ်ကာ သူ့ဝတ်ရုံကို ချွတ်ပြီး မုရုံရွှယ်ပေါ် ခြုံပေးလိုက်သည်။မုရုံရွှယ် သဘောမတူချင် ရာသီဥတုက ပူပြီး ပိုပူလာသည်။ သူမက သိုင်းသမားတစ်ဝက် ဖြစ်တာကြောင့် ရေစိုဝတ်နဲ့ ခဏလောက် နေတာ မပြောနဲ့ တစ်နေကုန်နေရင်တောင် သူမ အအေးမိမှာ မဟုတ်ပေ။
**သူ့ဝတ်ရုံကို လက်မှာ ကိုင်ထားပြီး ရေသုတ်ကာ အိုးရန်ကို ပေးလိုက်သည်။ အိုးရန် မျက်လုံးက ပိုနက်ရှိုင်းလာကာ ရေကန်နက်လို ဖြစ်လာသည်။ ပိုပြီး သိပ်သည်းလာလေလေ လူတွေကို နှစ်သတ်ချင်လာလေပဲ
သူမ မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူမလက်တွေ ပြေလျော့သွားသည်။ သူမဝတ်စုံက မထူပေ။ မြစ်လေက ထန်လာတော့ သူမ ခြုံလိုက်သည်။**
( ** နှစ်ပိုဒ်ကို ရှင်းပြမယ်နော် နားမလည်လောက်ဘူးထင်လို့
VOCÊ ESTÁ LENDO
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...