၂၃။ အကြွေးစာရင်းရှင်းခြင်း
"ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ် သခင်မ ဒါမဲ့ အ့အတွက် ပြင်ဆင်ခဲ့ပါတယ် "
ကျူးယွီ ရုံးတော်တာဝန်ခံက ပြုံးရင်း အရိုအသေပြုကာ ပြောလိုက်တယ် ထောင့်တစ်ခုကနေ ဒါဇင်ပေါင်း များစွာသော လှည်းတွေ ထွက်လာတယ် လှည်းတစ်စီးစီမှာလည်း အစောင့်တပ်သား ၃၊၄ယောက်က ဓားတို ဓားရှည်တွေကိုင်ပြီး စောင့်ကြပ်နေတယ်
"တာဝန်ခံတွေအတွက် အကြွေးငွေတွေက များတယ်ဆိုတာ သိလို့ ကြိုတင်ပြင်ဆင်လာတာပဲ သူတို့ ဘဏ်ကို သတင်းပို့ပြီး လှည်းတောင်တောင်းလာသေးတယ် ပြီးရင် တစ်ခါတည်း ဘဏ္ဍာတိုက်ထဲ တစ်ခါတည်း ထည့်မယ်ပေါ့"
မုရုံရော့မျက်နှာ အစိမ်းရောင် ပြောင်းလာပြီး အင်္ကျီလက်ထဲမှာ လက်သီးဆုပ်ထားမိတယ်
သူမဒီလိုပြောလိမ့်မယ်လို့ သူတို့ သိထားပြီးသား ပြီးတော့ သူတို့လှည့်ကွက်ထဲ ကျအောင် လုပ်တယ်ပေါ့ မုန်းစရာကောင်းလိုက်တာ"စုန့်သခင်မ အခု အကြွေးရှင်းလို့ ရပြီလားခင်ဗျ"
ကျူးယွီရုံးတော်တာဝန်ခံက ညင်သာစွာ မေးမြန်းတယ်
မုရုံရော့ကို ဒေါသထွက်အောင် ဆွပေးရင်း သူ့မျက်လုံးက သိသိသာသာကို ပျော်ရွှင်စွာ လင်းလက်နေတယ် သူမမျက်ရည်ကျလာမှာကို မစောင့်နိုင်တော့ဘူး ဆွပေးရတာ အရသာရှိမှရှိ
ဘေးပတ်လည်က လူအုပ်ကြီးက မုရုံရော့ ဒေါသထွက်လာမှာကို စောင့်ကြည့်နေတယ် ဒါကြောင့် သူမဒေါသထိန်းလိုက်ပြီး" ဒါပေါ့ရှင် လန်အာ ဧည့်သည်တွေကို ဘဏ္ဍာတိုက်ဆီ ခေါ်သွားလိုက်"
သူမ ဒေါသထိန်းရတဲ့ ပုံနဲ့ အံကြိတ်ကာ ပြောလိုက်တယ်
"ဟုတ်ကဲ့ သခင်မ"
အစေခံ လန်အာ ဦးညွှတ်လိုက်ကာ တာဝန်ခံခြောက်ဦးကို
"လူကြီးမင်းတို့ ကျွန်မနောက်က လိုက်ခဲ့ပါ"
"ကျေးဇူး"
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...