၃၇။ တိတ်တိတ်ပုန်း ချိန်းတွေ့
မုရုံရွှယ်ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ခေါင်းမော့ကြည့်လိုက်တယ်။ သူမရှေ့က ကြီးကြယ်ခမ်းနားလှတဲ့ရုပ်ကြွမြနန်းတော်ကြီးကိုတွေ့လိုက်ရတယ်။ မုဒ်ဦးထိပ်မှာတော့ "ကျန်းအိမ်တော်"ဆိုတဲ့ ရွှေရောင်စာလုံးကြီးတွေက နေရောင်ကြောင့်တလက်လက်တောက်ပနေတယ်။
သူမအိမ်ကိုပြန်ရောက်ပြီ။
"အိမ်ကိုလိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင့်သား!" မုရုံရွှယ်အပြုံးလေးနဲ့ပြောလိုက်ပြီး သူမအနိုင်ရလာတဲ့ဆုကိုယူဖို့အတွက် သူမလက်တွေကိုရွှမ်ဖုန်းဆီကို ဆန့်လိုက်တယ်။
ရွှမ်ဖုန်းမျက်လုံးတွေလက်သွားတယ်။ လျင်မြန်စွာနဲ့လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်ပြီး သူ့လက်ထဲက ကျောင်ဝေ့ယန်ချင်ကို အပေါက်ဝနားကအစောင့်ဆီကိုလက်လွှဲပေးလိုက်ကာ မျက်တောင်တစ်ခတ်အတွင်းမှာ အစအနတောင်မတွေ့ရတော့ဘဲ ပျောက်ကွယ်သွားတယ်။
မုရုံရွှယ်မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတယ်။ သူမလူအနည်းငယ်ဖြတ်သွားဖြတ်လာလုပ်နေတာကိုမြင်ရပေမယ့် ကိုယ်ရံတော်လေးရဲ့အစအနလေးတောင် မရှာနိုင်ဘူး။ သိလိုစိတ်ကြောင့်သူမမျက်လုံးတွေတောက်ပလာတယ်... ကိုယ်ရံတော်တွေက သူတို့ရဲ့အစွမ်းအစကိုအသိအမှတ်ပြုတာခံသင့်တယ် _ ဘယ်ကမှန်းမသိပေါ်လာပြီး အစလေးတောင် ပြန်ရှာလို့မရအောင်ပျောက်သွားတယ်။ သူတို့တိုက်ခိုက်တာခံရမယ်ဆိုရင် လူတွေကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ချိန်လေးရဖို့တောင် မဖြစ်နိုင်ဘူး...
သူမရဲ့ တလက်လက်တောက်ပနေတဲ့မျက်ဝန်းတွေကိုကြည့်ပြီး အိုးရန်ရှောင်ချန်ပိုပြီး စိတ်ဓာတ်ကျလာတယ်။ ဟိုကဖြင့်ထွက်သွားပြီ ခုထိ သူမကသူထွက်သွားတဲ့ဘက်ကို လိုက်ကြည့်နေတုန်းရှိသေးတယ်။ သူမတကယ်ကို ရွှမ်ဖုန်းကို စိတ်ဝင်စားသွားတာလား?
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...