၄၈။ ပူးပေါင်းကြံစည်ထားတဲ့အတိုင်းဆက်လုပ်နေ
မုရုံရွှယ်? သူမကနေမကောင်းဖြစ်နေတယ်ပြောပြီး ညစာစားပွဲမတက်ဘူးပြောထားတာလေ။ အခုဘာလို့ဒီရောက်နေတာလဲ?
မုရုံရွှယ်သူမဆီလျှောက်လာတာတွေ့တော့ မုရုံရယ်သူတော်ယောင်အပြုံးချိတ်ဆွဲလိုက်တယ်။ မုရုံရွှယ်က အစိမ်းဖျော့ဝတ်ရုံရှည်နဲ့ နှုတ်ခမ်းအစွန်းနားက အနည်းငယ်မြင့်တက်နေပြီး သူမရဲ့လှပပြီးဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတွေကတော့ အေးစက်လို့နေတယ်။
မုရုံရွှယ်ကို ဒီမှာတွေ့တာကောင်းတယ်.. သူမအကြံကိုအကောင်အထည်ဖော်ဖို့ ပိုတောင်လွယ်သွားသေးတယ်။
မုရုံရော သခင်မကြီးစုန့်ကိုလှမ်းကြည့်လိုက်တယ်။ ဒီအမျိုးသမီးအိုကြီးက သူမကိုလူအားလုံးရှေ့မှာ သွားပုတ်လေလွင့်ပြောထားတာ ဒါကြောင့်သူမကလည်း ဒီအမျိုးသမီးအိုကြီးရဲ့စကားကို နားထောင်နေစရာမလိုဘူး။
မုရုံရော့ လှောင်ပြုံးနဲ့အတူ မုရုံရွှယ်ဆီလျှောက်သွားတယ်။ "ရွှယ်အာ.. ငါက မင်းနေမကောင်းဘူးထင်နေတာ? ဘာလို့ဒီရောက်နေတာလဲ?"
သူမရဲ့အယောင်ဆောင်အပြုံးကိုကြည့်ပြီး မုရုံရွှယ်ဘယ်လိုမှ ယဉ်ကျေးယောင်မဆောင်နိုင်ဘူး။ သူမခံစားချက်မဲ့တဲ့မျက်နှာနဲ့ပဲ "ဒီမှာ ကျွမ်မအစ်ကိုကိုလာရှာတာ"
"ရယ်အာက အရှေ့ခြံဝင်း..." မုရုံရော့ပြောလိုက်တယ်။
"မဟုတ်ဘူး သူအဲ့မှာမရှိဘူး... သူ့အစေခံကပြောတယ် သူဧည့်ခန်းမှာရှိနေတယ်တဲ့" မုရုံရွှယ်က စကားကိုကြားဖြတ်ပြီး အရိုသေတန်စွာပြန်ပြင်ပြောလိုက်တယ်။
တော်ဝင်အမျိုးသမီးတွေနဲ့ ညစာစားပွဲကိုတက်ရောက်လာကြတဲ့ ဧည့်သည်တွေက မုရုံရွှယ်ကိုရိုင်းစိုင်းတယ်လို့ မယူဆကြဘူး။ သူမရှေ့မှာရှိနေတဲ့သူက သူမရဲ့ပိုင်ဆိုင်မှုတွေကိုလိုချင်လို့ သူမကိုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့သူဖြစ်တာကြောင့် ဖြစ်တယ်။ မုရုံရွှယ်က သူမကိုဒီလိုဆက်ဆံတယ်ဆိုတာ အမှန်ဆုံးပဲ။
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...