မေ့သွားလို့ပါ တောင်းပန်ပါတယ် 😁
Zawgyi
သူမဝင်လာကတည်းက ထိုသားအမိကို တွေ့သည်။ ဘယ်လောက် ကံမကောင်းလိုက်သလဲ။
မုရုံရွှယ် မျက်ခုံးပင့်ကာ သူတို့အား မမြင်ချင်ယောင်ဆောင်လိုက်ပြီးနောက် ပြုံးလိုက်ကာ ခန်းမရှိရာသို့ ဦးတည်သွားလေသည်။ စုန့်ချင်းယန် မခံနိုင်တာကြောင့် မုရုံရွှယ်ရဲ့ လမ်းကို ပိတ်ရပ်နေပြီး အော်လိုက်သည်။
"မုရုံရွှယ် နင့်ထက်အကြိးကို တွေ့တာတောင် မနှုတ်ဆက်ဘူးလား နင့်အပြုအမူတွေ ခွေးစားသွားတာလား"မုရုံရွှယ် သူမကို စိုက်ကြည့်ပြီး ရိုးရှင်းစွာပင် ပြန်ပြောလိုက်သည်။
"နင်ကရော ငါ့ရှေ့ရပ်နေပြီး နင့်အစ်မဝမ်းကွဲကို လာအော်နေတယ် နင့်အပြုအမူတွေကလဲ ခွေးစားသွားတာလား ""နင်..."
စုန့်ချင်းယန် ပြောစရာစကားမရှိတော့ပေ။ သူမ မုရုံရွှယ်ကို မုန်းတီးစွာ စိုက်ကြည့်နေသည်က သူမမ်က္လုံးကေန လှိုင်းတွေ ထွက်လာတော့မလိုပင်။"ငါ့လမ်းကို မပိတ်နဲ့ ဖယ်"
မုရုံရွှယ် စုန့်ချင်းယန်အား တွန်းဖယ်ကာ ရှေ့ဆက်သွားလေသည်။သူမ လျို့ဝှက်ဥမင်ထဲတွင် နာရီမ်ားစြာ နေခဲ့ရသောကြောင့် သူမဆံပင် ဝတ်စုံနဲ့ ဖိနပ်တို့က ညစ်ပေနေကာ အနံ့ဆိုးများထွက်နေသည်။ လော့ရွှယ်ကောကို ပြန်သွားပြီး သူမကိုယ်သူမ သန့်ရှင်းဖို့ မစောင့်နိုင်တော့ပေ။ စုန့်ချင်းယန်နဲ့ စကားအခြေအတင်ပြောဖို့ စိတ်မပါနိုင်ပေ။
စုန့်ချင်းယန် ထိုသေဘာထားကို မမျှော်လင့်ခဲ့သောကြောင့် နောက်သို့ ယိုင်ကာ လဲကျတော့မလိုပင်။ သူမကိုယ္ကို ထိန်းလိုက်ပြီး မုရုံရွှယ်သူမအခန်းထဲ ဝင်သွားတာကို ကြည့်နေလိုက်သည်။
စုန့်ချင်းယန် မုရုံရော့ရင်ခွင်ထဲ ပြေးဝင်ငိုကာ
"အေမ မုရုံရွှယ်ကို ကြည့်ဦး သူမ လွန်လွန်းနေပြီ"
သူမ ငိုသည့်အသံက သူမ(မုရုံရော့)နားထဲ ဆူညံနေသောကြောင့် မျက်လုံးတို့ ကျဉ်းမြောင်းသွားကာ စုန့်ချင်းယန်ပခုံးကို အသာ ပုတ္ကာ
"အိုးရန္က မုရုံရွှယ်နဲ့ နီးကပ္လား"
VOCÊ ESTÁ LENDO
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...