(Shizi ရှိဇီ - အမွေဆက်ခံသူ ချင်းဝမ်ရဲ့ အမွေဆက်ခံသူ မင်းသား အခြေခံအားဖြင့် ဧကရာဇ်အကိုရဲ့သား
ချင်းဝမ် - မင်းသားရဲ့ ပထမကြင်ယာက မွေးတဲ့ တော်ဝင်သွေးပါသူ မင်းသား)"ငါနင့်ကိုကောင်းကောင်းမသိဘူး ဒါကြောင့် ဘာမှ ပြောစရာမရှိဘူး"
မုရုံရွှယ် အေးစက်စွာ ပြောလိုက်တယ် သူမရဲ့ လှပတဲ့ မျက်နှာလေးဟာ တည်တင်းနေပြီး သူမရဲ့ မျက်လုံးထဲမှာ အေးစက်မှုအငွေ့အသက်သာ ဖုံးလွှမ်းထားတယ်တုချန်ကျန်း (Du Chenjiang) ရဲ့ နှလုံးသားကနေ သူမကို လှည့်စားမှုတွေ လုပ်တာကို ကြည့်နေတယ် သူ့ရဲ့ ညစ်ညမ်းတဲ့ မျက်လုံးက သူမရဲ့ ခန္တာကိုယ်နဲ့ မျက်နှာမှာ ရောက်နေတယ်
" ဘယ်လိုပြောလိုက်တာလဲ ကိုယ်တို့တွေက ဝမ်းကွဲမောင်နှမတွေလေ နင်ငါ့ကို မသိဘူး "
"သွားစမ်း"မုရုံရွှယ် သူ့ရဲ့ ဗလုံးဗထွေးပြောနေတာကို ဖြတ်ပြောလိုက်ပြီး အေးစက်စွာ စိုက်ကြည့်လိုက်တယ် တုအိမ်တော်က လူတွေက ဥစ္စာအာဏာမက်သလို မိန်းမလဲ လိုက်စားတယ် သူမအချိန်တွေကို ဒီလိုလူတွေနဲ့ စကားပြောပြီး မဖြုန်းပစ်ချင်ဘူး
တခစ်ခစ်ရယ်သံလေးက ထွက်ပေါ်လာတယ် အဲ့လိုကျိတ်ရယ်မှုက တုချန်ကျန်းကို ရှက်ရွံ့စေတယ်
မုရုံရွှယ်ကို စိုက်ကြည့်လိုက်ပြီး
" မုရုံရွှယ် မင်းသားကျင်းက မင်းကို ကိုယ်လုပ်တော်အဖြစ် တင်မြောက်တဲ့အခါ မင်းကြောက်နေမှာကို ငါစိုးရိမ်လို့ပါ ဒါကြောင့် ငါလာနှစ်သိမ့်ပေးတာ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံပါနဲ့ကွာ"
သူ ချန်းအိမ်တော်မှာ ဧည့်သည်အဖြစ် ရောက်သွားတုန်းက. မုရုံရွှယ်ကို မတော်တဆ တွေ့ခဲ့ရတယ် သူမရဲ့ လှပတဲ့မျက်နှာလေးနဲ့ ခန္တာကိုယ်က သူ့စိတ်ကို ပြင်းပြစေတယ် သူ့ကို ရပ်တန့်စေတာကတော့ သူမက မင်းသားကျင်းရဲ့ ဇနီးဖြစ်လာမဲ့သူ ဆိုတာ ကြားပြီးတဲ့အခါမှာပါ သူဆက်မလှုပ်ရှားရဲတော့ဘူး
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...