"ဒီဝူအန်း Marquis အိမ်တော်က ကြည့်ရတာ တော်တော်လေး ချမ်းသာပါတယ် ပိုက်ဆံပြတ်နေတယ်ဆိုတာ မဖြစ်သင့်ဘူး ဟုတ်တယ်မလား"
"ဘယ်သူသိမှာလဲ ဖြစ်နိုင်တာ သူတို့မှာ တကယ်ပိုက်ဆံပိုက်ဆံမရှိလို့ ဒါမှမဟုတ် ပိုက်ဆံရှိတယ် မပေးချင်လို့ ပြီးတော့ ပေးချေမှုကို ပြင်ဆင်ထားပြီးသားနေမှာ"
"ဒီဝူအန်းMarquis အိမ်တော်က လူတွေရဲ့ အကျင့်စရိုက်က တော်တော်လေး ဆိုးရွားနေတာပဲ"
"ဘယ်သူပြောလဲ အဲ့ဒါက မ........"လူတိုင်းရဲ့ ဝေဖန်သံတွေ ပျံ့လွင့်လာတယ် စုန့်ချင်းယန်ရဲ့ လှပတဲ့မျက်နှာလေးက အနီရောင်ကို ပြောင်းနေပြီ
ဒီလိုမျိုးသာဆိုရင် သူမက ဒီကျူ ယွီိရုံးတော်က ပစ္စည်းတွေ သယ်လို့ရပါဦးမလားဒါတွေက သူမအဒေါ်ရဲ့ ခန်းဝင်ပစ္စည်းတွေ သူမသယ်သွားလိုက်ရင် ဒီလူတွေရဲ့ စိတ်ဝင်စားမှုကနေ ရုန်းထွက်နိုင်ပါ့မလား ဘာတွေများ သူတို့ ဒီလောက် မခံမရပ်နိုင် ဖြစ်နေကြပါလိမ့်
သူမမျက်စိအောက်တွင်ပဲ ဒေါသလှိုင်းက ထကြွလာတယ် သူမ လူတိုင်းကို သင်ခန်းစာတစ်ရပ် သင်ကြားဖို့ ပြင်နေတုန်း သတ်လတ်ပိုင်း လူတစ်ယောက်ရဲ့ အော်သံထွက်လာတယ်
"ငါက ကျင်းရှူ (Jingxiu) ပိုးထည်ဂိုဒေါင်က တာဝန်ခံ ဝူအန်းMarquisအိမ်တော်က ငါ့ရဲ့ဂိုဒေါင်ကနေ ပိုးထည်တွေကို လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းကငွေပေးချေခြင်းမရှိပဲ ယူသွားတယ်
လတိုင်းရဲ့ ပထမနေ့တွေမှာ ပိုက်ဆံလာတောင်းပေမဲ့ ဆင်ခြေပဲပေးကြလို့ ပြန်ပြန်လှည့်လာရတယ် ဒီနေ့ ငါကျူယွီ ရုံးတော်က တာဝန်ရှိသူနဲ့ တွေ့ပြီးပြီ ဟွန့်.... ငါအားလုံးကို စာရင်းဖတ်ပြသင့်ပြီ""XXနှစ် Xလ Xရက်မှာ ဝူအန်းMarquisအိမ်တော်က သခင်မက ရှူ (Shu) ဘရိုကိတ်နှစ်စုံ ရွန်(Yun) ဘရိုကိတ် နှစ်စုံ၊ စု(Su) ပန်းထိုးဘရိုကိတ် နှစ်စုံ XXနှစ် Xလ Xရက်မှာ ဝူအန်း Marquis အိမ်တော်က သခင်မက........."
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...