အင်ပါယာအရှင်က အဓိပ္ပါယ် ရှိပြီး စူးရှထက်မြတ်တဲ့ မျက်လုံးတွေနဲ့ ရိရီချန်းနဲ့ မုရုံရွှယ်ကို ကြည့်လိုက်တယ်
"သင်နဲ့ မင်းသားကျင်းရဲ့ မင်္ဂလာပွဲဟာ သင်တို့မိဘတွေ သဘောတူခဲ့တာပါ ငါကိုယ်တော် အမိန့်ချလို့မရဘူး ဒီစေ့စပ်ပွဲကိုဖျက်သိမ်းဖို့ အမိန့်ချဖို့ ကိုယ်တော် ပြန်စဦးစားရမယ် သင့်မိသားစုအကြီးအကဲတွေကို တိုင်ပင်တာ ပိုမကောင်းဘူးလား"
အင်ပါယာအရှင်ဟာ မူးမတ်တွေရဲ့ မိသားစုကိစ္စကို ဝင်ရောက်စွက်ဖက်လိုပုံမရဘူး
မုရုံရွှယ် မျက်မှောင်ကြုတ်မိသည် ရုတ်တရက် စေ့စပ်ပွဲဖျက်သိမ်းဖို့ Marquis အိမ်တော်က အကြီးအကဲတွေ သဘောတူဖို့ အကြံတစ်ချက် ရလိုက်တယ် ဒါပေမဲ့ ရိရီချန်းရဲ့ အိမ်တော်က ပိုသာနေတယ်
မင်းသားကျင်းရဲ့ အိမ်တော်ကြီးမှာ ရိရီချန်းသာ သခင်ဖြစ်တယ် သူဒါကို ဖုံးကွယ်ထားခဲ့ရင် သခင် မဖြစ်တဲ့အပြင် စေ့စပ်ပွဲမဖျက်သိမ်းခင် အချိန်ဆွဲထားဖို့ သင်လျော်တဲ့ သူတွေကို ဖိတ်နိုင်မှာ မဟုတ်ဘူးသူမရဲ့ စိုးရိမ်ပူပန်နေတဲ့ အတွေးတွေကို ရိပ်မိတဲ့ အင်ပါယာအရှင်က အေးအေးဆေးဆေးပဲ ပြောလိုက်တယ်
"ငါကိုယ်တော် ချက်ချင်း အရင်မင်းသားကျင်းထံ စာပို့ပြီး မြို့တော်ကို မြန်နိုင်သမျှ မြန်မြန်လာဖို့ ဖိတ်လိုက်မယ်"
"ကျေးဇူးကြီးမားလှကြောင်းပါ အရှင်မင်းကြီး"မုရုံရွှယ် စိုးရိမ်နေတာတွေ ပျောက်သွားတယ် အင်ပါယာအရှင်က အရင်မင်းသားကျင်းကို မြို့တော်ကို ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ဆင့်ခေါ်တဲ့အတွက် ရိရီချန်း ဘယ်လောက်ရဲတင်းနေပါစေ တမင်ဖျက်စီးပြီး နှောင့်ယှက်ဖို့အထိ သူမဝံ့ရဲပါဘူး
အခု သူမ အေးအေးဆေးဆေးပဲ စောင့်ဖို့လိုတယ်
အရင်မင်းသားကျင်း ရောက်လာရင် စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ဆွေးနွေးကြမှာပဲ
VOUS LISEZ
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Roman d'amoursummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...