ရန်သူနှင့်တွေ့ဆုံ
လျင်မြန်စွာရွေ့လျားနေတဲ့ အမည်းရောင်အရာသုံးခုကို မြူနှင်းပါးလျလျကြားမှာ မြင်နေရတယ်။ သူတို့အရိပ်တွေတဖြည်းဖြည်းပေါ်လာတယ်။ ပထမတစ်ယောက်က ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အညှာအတာမဲ့တဲ့အမူအရာနဲ့ ချောမောသူ၊ ရိရီချန်းကလွဲပြီး တခြားဘယ်သူမှမဖြစ်နိုင်ဘူး။
သူ့လက်တွေက ဖြူဖျော့ပြီးလှပတဲ့မိန်းမပျိုလေးလက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားတယ်။ မိုပိုင်းမင်းသမီး ချင်ယွီယမ်။
သူတို့ ဘာလို့ဒီကိုရောက်နေတာလဲ?
မုရုံရွှယ်မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့နောက်မှာ အစောင့်၅ယောက်၊ ၆ယောက်လောက်နဲ့ သူတို့ကိုလိုက်နေတဲ့ အဖြူရောင်အပင်ကြီးတစ်ခုကို တွေ့လိုက်ရတယ်။ အပင်ကြီးက သူ့သားကောင်တွေကိုမိဖို့ ၃မီတာလောက်ပဲလိုတော့တယ်။ အပင်ရဲ့အမြစ်တွေကမြေကြီးထဲမှာရှိနေရင်းနဲ့ကို စံချိန်တင်အရှိန်နဲ့ ရွေ့လျားနေတယ်။ ရွေ့လျားမှုကြောင့် အနောက်ကအဝါရောင်မြေကြီးတစ်လျောက် လမ်းကြောင်းကြီးဖြစ်ကျန်ရစ်ခဲ့တယ်။
အပင်ကနေ အစိမ်းရောင်အမြစ်တွေပေါ်လာပြီး အမြစ်ထိပ်မှာ ပန်းရောင်ပွင့်ချပ်လေးတွေနဲ့တင်းကြပ်စွာပိတ်ထားတဲ့ ပန်းပွင့်ဖူးလေးရှိနေတယ်။ အမြစ်ကရွေ့နေတဲ့အတိုင်း အပေါ်အောင် ဘယ်ညာ ခါရမ်းနေတယ်။
"ဘာ...ကြီးလဲ?" ရွှမ်ဖုန်းသတိလက်လွတ်ဖြစ်သွားတယ်။ အိုးရန်ရှောင်ချန်နောက်လိုက်ခဲ့တဲ့ ၁၀နှစ်မှာ မရေမတွက်နိုင်တဲ့နိုင်ငံတွေနဲ့ တောင်တွေကိုဖြတ်ကာ ထူးခြားဆန်းပြားတဲ့တိရစ္ဆာန်တွေနဲ့ အပင်တွေကိုတွေ့ခဲ့ရတယ်။ ဒီလိုပြေးနိုင်တဲ့အပင်တော့ တခါမှမတွေ့ဖူးဘူး။
"အသားစားပန်းပင်!" မုရုံရွှယ်အံကြိတ်ပြီးပြန်ဖြေတယ်။ အသားစားပန်းပင်တွေကို အပူပိုင်းသစ်တောတွေမှာ တွေ့ရပြီး ပန်းပွင့်တစ်ပွင့်တည်းနဲ့ ပင်စည်အရှည်ကြီးတွေရှိကာ မရွေ့လျားကြဘူး။ သားကောင်က သေမင်းတံခါးဝကိုလာခေါက်တဲ့အထိစောင့်ကြတယ် - အဲ့တာရဲ့ပန်းပွင့်ပေါ့။ ဒါပေမယ့် သူတို့ရှေ့က အသားစားပန်းကတော့ တစ်ခုထက်ပိုတဲ့ ပန်းပွင့်ဖူးတွေရှိတဲ့အပြင် သားကောင်နောက်ကိုပါလိုက်နိုင်သေးတယ်။ ဒီကမ္ဘာကြီးက ရူးသွားပြီလား?
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...