19.ပိုက်ဆံချေးခြင်း
Translated by BabyMarieeမုရုံရွှယ် မတ်တပ်ရပ်လိုက်ကာ ပေါ့ပါးစွာ လှမ်းထွက်သွားခဲ့တယ်။ သူမရဲ့ ကျော့ရှင်းတဲ့ ကိုယ်ဟန်မှာ ချပ်ရပ်တဲ့ ဝတ်ရုံရှည်က ပနံရနေပြီး သူမ လျှောက်လှမ်းသွားရာ သန့်ရှင်းလှတဲ့ ကြမ်းပြင်မှာ ပေါ့ပါးစွာ တရွတ်တိုက်ဆွဲပါသွားတယ်။
" ညီမလေး .. ဘယ်သွားမလို့လဲ? " မုရုံရယ့် မသေချာမှုတို့ ပြည့်နေသည့် အသံဖြင့် သူမ လျှောက်သွားရာကို လိုက်ကြည့်ရင်း မေးလိုက်တယ်။
" ယွီထန်အဆောင်မှာ အဖွားတော်ကို သွားတွေ့မလို့! " မုရုံရွှယ် မရပ်တန့် တစ်ချက်မှ လှည့်မကြည့်ဘဲ အဖြေပေးလိုက်တယ်။
သူ့ ညီမလေးနဲ့ အဖွားတော်က ဘယ်တော့မှ မျက်နှာချင်းဆိုင်ကြသူ မဟုတ်။ အခု ဘာလို့ ရုတ်တရက်ကြီး ယွီထန်ဆောင်ကို သွားဖို့ တွေးမိရတာလဲ?
မုရုံရယ့် ဇဝေဇဝါဖြစ်သွားရတယ်။ " ညီမလေး .. ကိုကိုလည်း အတူတူ လိုက်ခဲ့ပေးမယ်လေ "
" မလိုဘူး ... ပြန်လာကိုပဲ စောင့်ပေး! " မုရုံရွှယ်က တုသခင်မကို သင်ခန်းစာပေးဖို့အတွက် ယွီထန်အဆောင်ကို သွားမှာ ဖြစ်တယ်။ တကယ်လို့ မုရုံရယ့်သာ လိုက်လာမယ်ဆိုရင် သူမရဲ့ အစီအစဉ်အတိုင်း ဆက်သွားနိုင်ဖို့က မသေချာသလောက်ပဲ။
သူ့ရဲ့ အကြံပြုချက်ကို ငြင်းပယ်ခံလိုက်ရတာမို့ မုရုံရယ့် မျက်မှောင်ကျုံ့လိုက်ရင်း စိတ်မပါလက်မပါနဲ့ နောက်ပြန်ဆုတ်လိုက်ပြီး စိတ်ဓာတ်ကျနေတဲ့ အသံနဲ့ သဘောတူလိုက်တယ်။ " အေးပါ! "
သူ့ ညီမလေးရဲ့ စကားကို နားထောင်ကြည့်ရသလောက်က သူမက အဖွားနဲ့ နှစ်ကိုယ်ကြား ဆွေးနွေးပြောဆိုစရာရှိနေပြီး သူ လိုက်သွားဖို့ မသင့်တော်တဲ့ပုံမှာ ရှိတယ်။ အဲဒါကြောင့် သူ လိုက်မသွားတော့ပေမယ့် ယွီထန်ဆောင် အပြင်ဘက်ကနေ စောင့်ကြည့်ဖို့ လူလွှတ်ဖို့ရာတော့ ကြံရွယ်လိုက်တယ်။ တကယ်လို့ ညီမလေးနဲ့ အဖွား နှစ်ယောက်သား ငြင်းခုန်ပြဿနာတက်ခဲ့မယ်ဆိုရင် သူ လိုက်သွားဖြေရှင်းပေးဖို နောက်မကျတော့ဘူးပေါ့!
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...