၅၉။ ထွက်ပေါက်
သူရဲ့ လက်တွေကို ရိရီချန်းဆီကိုလွှဲလိုက်တယ်။ တစ်ချိန်တည်းမှာပဲ အားပြင်းတဲ့စွမ်းအင်တစ်ခုထွက်ပေါ်လာပြီး ရိရီချန်းရဲ့အတားအဆီးကိုဖြတ်ကျော်သွားတယ်။ ရလဒ်အနေနဲ့သူ့လက်ပြင်နားကနေပြီး တံတောင်ဆစ်နားထိကို သေးသွယ်တဲ့ ပြတ်ရှရာကြီးဖြစ်သွားတယ်။ အဲ့ပြတ်ရှနေတဲ့ဒဏ်ရာကနေ သွေးတွေထွက်လာပြီး သူ့အင်္ကျီလက်တစ်ခုလုံးကိုသွေးစွန်းကုန်တယ်......
"ရိရီချန်း........မင်းက ရွှယ်နဲ့မလိုက်ဘက်ဘူး။" အိုးရန်ရှောင်ချန်ရဲ့ ပြတ်သားတဲ့စကားက ရိရီချန်းဒေါသကို ဆွပေးသလိုဖြစ်သွားတယ်။
(W...O...W...😱😱😱ပွဲတွေကြမ်းကုန်ပြီ)ရိရီချန်းရဲ့အမူအရာက လုံးဝအေးဆက်သွားပြီး "ငါမဟုတ်ရင် ဘယ်သူရှိသေးလို့လဲ။ ငါကသူမရဲ့ တရားဝန်ခင်ပွန်းလောင်းဆိုတာကို ကျင်းမြို့ကသူတွေအကုန်သိတယ်။"
"မင်းကသူမကို ကိုယ်လုပ်တော် အဖြစ်ပဲနေခိုင်းပြီး လူကြားထဲအရှက်ခွဲခဲ့တယ်။ အဲ့တာကြောင့် သူမကို အားလုံးက လှောင်ပြောင်ခဲ့ကြတယ်။ မင်းသူမရှာလို့ရထားတဲ့ မီးပုဒုမ္မာကြာတွေကိုဖျက်ဆီးပစ်ပြီးတော့ သူမကိုကိုယ်လုပ်တော်အနေနဲ့ လက်ထပ်ယူအောင်အတင်းအကြပ်ချုပ်ကိုင်ခဲ့တယ်။ သူမရဲ့အဆိပ်တွေတိုက်ခိုက်တဲ့အချိန် အဲ့တာတွေမရှိရင် သူမသေသွားနိုင်တယ်။ အသားစားအပင်တွေ သူမကိုဝိုင်းလိုက်နေကြတုန်းကလည်း မင်းသူမကို 'အဆင်ပြေရဲ့လား' တစ်ခွန်းတောင်မမေးပဲ တခြားမိန်းကလေားတစ်ယောက်ကို တင်းကြပ်စွာဖက်ပေးထားတယ်။ မင်းက သူမရဲ့ ခင်ပွန်းလောင်းဖြစ်ဖို့ လုံးဝမကိုက်ညီဘူး။" အိုးရန်ရှောင်ချန်က ရိရီချန်း ကိုအထင်သေးစွာကြည့်ပြီပြောတယ်။
"အဲ့တာ ငါ့ကိစ္စ။ မင်းဝင်စွတ်ဖက်မေးမြန်းခွင့်မရှိဘူး။" ရိရီချန်းရဲ့ မျက်လုံးတွေက ရေခဲလိုအေးဆက်နေပြီး သူ့ရဲ့မျက်လုံးတွေကလည်း အန္တရာယ်အငွေ့အသက်တွေနဲ့ လွှမ်းခြုံထားတယ်။ မုရုံရွှယ် သူမရဲ့လက်ကိုအသားစားအပင်တွေဆီကို ဆန့်ထုတ်လိုက်တဲ့အခါ သူတားဖို့လုပ်ပေမဲ့ အဲ့အချိန်မှာပဲ ချင်ယုယွမ်သူရဲ့လက်ကို အတင်းဖက်ထားတဲ့အတွက် သူသူမကို အချိန်မှီမတားလိုက်နိုင်ဘူး..........
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...