39 - spitting blood
တောက်ပတဲ့ နေရောင်က မှန်စီပန်းဖော်ထားတဲ့ တိုင်လုံးများကို ဖြတ်ပြီး နန်းတော်ကြမ်းပြင်ပေါ် ကျရောက်နေလေသည် မုရုံရွှယ်ဟာ နွေးထွေးလှတဲ့ နေရောင်အောက်မှာ ရေချိုးပြီးနောက် ဝိုင်တစ်ခွက်ကို လက်ထဲကိုင်ထားလေသည် သူမပုံစံက အေးဆေးတည်ငြိမ်လှသည်
"မုရုံရွှယ်"
ရင်းနှီးလှတဲ့အသံက တိတ်ဆိတ်တဲ့လေထုကို ဖြိုခွဲပစ်လေသည် မုရုံရွှယ်လှည့်ပြီး အသက်၃၀ခန့်ရှိမည့် သူမရှေ့ မတ်တတ်ရပ်နေတဲ့ မစ္စတာတုကို ကြည့်လိုက်သည်
နောက်မှာတော့ လူနှစ်ယောက်နဲ့ သူတို့ရဲ့အဖွား နောက်မှာ အစေခံ၁၀ဦး ပါလာလေသည်မုရုံရွှယ် လူတစ်ယောက်ကိုတော့ သိသည် သူက တုမိသားစုရဲ့ တူ တုချန်းကျန်းရဲ့ အဖေ တုရိပင်
တုရိဟာ တိုင်ချောင်ဘုရားကျောင်းရဲ့ အရာရှိပင် ထိုနေရာရဲ့ တာဝန်ရှိအရာရှိ၎ဦးထဲက တစ်ယောက်ဖြစ်သည်မုရုံရွှယ်နှုတ်ခမ်းတို့က မဲ့ပြုံးအဖြစ်သို့ ပြောင်းသွားသည်
လာတာမြန်သားပဲ သူမက အိမ်တော်ထဲဝင်လာရင် မစ္စတာတုက သတင်းတွေသိပြီးသားဖြစ်လိမ့်မည် သူမကို နှောင့်ယှက်ဖို့ လူတွေအများကြီးတောင် ခေါ်လာသေးတယ်"အဖွားတော် အရာရှိတု ကျွန်မကိုကြိုဆိုဖို့ ဒီလောက်လူအများကြီး ဘာလို့ခေါ်လာတာလဲ ဘာသာရေးအယူအဆလား ပြစ်မှုကျူးလွန်ထားလား လာစစ်ဆေးတာလား"
"မုရုံရွှယ် စကားလမ်းလွဲမနေနဲ့ ချန်ကျန်းကို နင်အနာတရဖြစ်အောင် လုပ်ထားတာ အ့တာ ဘယ်လိုဖြစ်တာလဲ ရှင်း"
တုရိ စစ်မေးသည်နှင် လေထုက အေးစက်သွားသည်မုရုံရွှယ် မျက်ခုံးပင့်လိုက်သည် စစ်မေးခြင်းကတော့ စလေပြီ ဒီအမှိုက်တွေကို စကားမပြောချင်ပေမဲ့ ကံတရားကတော့ ရှေ့တည့်တည့်ပင် ပို့လိုက်လေသည် ဒါကြောင့် သူမလဲ ကစားပေးရတာပေါ့
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...