Translated by Kay_Wine
မင်္ဂလာကြေး
သူ့နားထဲမှာ သူမရဲ့ ကြွတ်ဆတ်ဆတ်အသံကို ကြားလိုက်ရတယ်။ မျက်လုံးတွေမီးတောက်မတတ်ဖြစ်ပြီး ရွှီထျန်းအန်း အံကြိတ်ပြောလိုက်တယ်... "ငါ ပထမပွဲရဲ့ လောင်းကြေးကို လက်တစ်ချောင်းလို့ပဲ သဘောတူထားတာ... နောက်လေးပွဲရဲ့ လောင်းကြေးကို မသတ်မှတ်ရသေးဘူး... မင်းကို ဒီလိုလုပ်ဖို့ ဘယ်သူ ခွင့်ပြုခဲ့လို့လဲ?"
ဒီချူခြာတဲ့ ကောင်မစုတ်လေးကတော့ .......... သူ သူမကို ထိပ်တိုက်တော့ ရင်မဆိုင်ဝံ့ဘူး။ ဒါပေမယ့် သူမက သူ့လက်ငါးချောင်းကို ဖြတ်ထားတယ်ဆိုတော့ အလျော်အစားအနေနဲ့ သူမရဲ့ လက်လေးချောင်းကို ပြန်ဖြတ်ရလိမ့်မယ်။
မုရုံရွယ် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး .."ပထမခွေးသေပြီးတော့ နောက်ထပ်ခွေးလေးကောင် ထပ်လွှတ်လိုက်တဲ့အထိ ရှင်ဘာတစ်ခွန်းမှ မပြောခဲ့ဘူး... အဲ့ဒါကြောင့် ပထမပွဲကနေပြီးတော့ လောင်းကြေးက တောက်လျှောက် ဆက်သွားမှာ မဟုတ်ဘူးလား? တကယ်လို့ လောင်းကြေးကို ပြင်ချင်တယ်ဆိုရင်လည်း ဘာလို့ ဘာတစ်ခုမှမပြောခဲ့တာလဲ? ခုတော့ ငါးပွဲပြီးသွားပြီ... နင်လည်း ရသင့်ရထိုက်တာ ရပြီပဲ... မတရားလို့လား? အခုလိုလုပ်တာ ရှက်ဖို့ကောင်းတယ်လို့ မထင်ဘူးလား?"
"မင်း!" ရွှီထျန်းအန်း ပြန်ထိန်းချုပ်လိုက်ရတယ်။ ခုအချိန်မှာ သူတွေးနိုင်တဲ့တစ်ခုတည်းသောအရာက သူ့လက်ချောင်းတွေအတွက် အဲ့ဒီအားနည်းတဲ့ ခွေးစုတ်ကို သတ်ပစ်ဖို့ပဲ။ ဒီ့ထက် ဘာမှထက် မတွေးနိုင်တော့ဘူး။
"နင် လောင်းကစားလုပ်ချင်တယ်ဆိုရင်.. အရှုံးအတွက်ကိုလည်း ပြင်ဆင်ထားသင့်တယ်... ခု စံအိမ်ထဲမှာ ကြည့်နေတဲ့သူတွေ အများကြီးရှိတယ်.. ငါတို့ အလောင်းအစားက မျှမျှတတပဲ နင်တကယ်လို့ ဒါလီဘုရားကျောင်းဝင်းထဲမှာ တိုက်ချင်တယ်ဆိုရင်တောင် ငါစနိုးစနောင့်ဖြစ်နေမှာ မဟုတ်ဘူး... နင်ဝန်မခံဘဲနဲ့ လူရှာပြီး ငါ့ကို သင်ခန်းစာ ပေးချင်တယ်ဆိုလည်း ကိစ္စမရှိဘူး... နင်ဘယ်အချိန်လာလာ ငါ Marquis အိမ်တော်မှာ စောင့်နေမယ်!"
VOCÊ ESTÁ LENDO
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...