42- - မနာလိုခြင်း
ဒီစကားကြောင့် မုရုံရွှယ် ရဲ့ အစာအိမ် နာလာသလိုပင် သူမုနားလည်မှုလွဲနေသကဲ့သို့ တခုခု မှားနေကြောင်း သူမခံစားမိသည်
သူမခေါင်းကို ခါလိုက်ပြီး ငြင်းဆိုလိုက်သည်"မဟုတ်ဘူး ဒါမဟုတ်ပါဘူး"
"ဒါဆို ဘာလို့ မင်း တွေ့ဆုံပွဲကို သွားခဲ့တာလဲ "
အိုးရန်ရှောက်ချန် သူမအနားတိုးလာရင်း စနောက်နေသေးသည်
သူ့ခြေလှမ်း အနည်းငယ် လှမ်းရတာ ခက်လာပြီး သူမကလည်း သူမပင်မသိလိုက်ဘဲ နောက်ကို အလိုလို ဆုတ်မိလေသည်"အဲ့ဒါ ကျွန်မအစ်ကို..."
အဲ့အချိန်မှာပဲ သူမခလုတ်တိုက်ကာ ကျောဘက်မှ အေးခနဲဖြစ်ကာ နောက်သို့ လဲကျသွားလေသည်
အိုးရန်ရှောက်ချန်က ရှေ့ကို အမှားအယွင်းမရှိ တဟုန်ထိုး ပြေးသွားလိုက်ကာ သူမလက်မောင်းကို ဆွဲယူပြီး သူမခါးကို ဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းမိလေသည် ထို့နောက် မနာလိုစွာ တိုးတိုးလေး ပြောလိုက်သည်
" ဒါမဲ့ မင်းရဲ့ ကုးဟောင်ယူက ရင်းနှီးနေသလိုပဲ "
သူ့ရဲ့ ယောက်ျားပီသလှတဲ့ အနံ့က သူမနှာခေါင်းနား ဝေ့လည်ကြောင်ပတ်လုပ်နေပြီး သူ့ရဲ့ ဝင်လေထွက်လေ နွေးနွေးတို့က သူမပါးပြင်ပေါ် လာရောက်ရိုက်ခတ်ကာ သူမအား မှင်တက်မိအောင် ပြုစားနေလေသည် သို့သော် သူမရဲ့ သိစိတ်ကတော့ သူ့ကို တွန်းထုတ်နေလေသည်သူ့အရည်အချင်းက သူမထက် ကောင်းတယ် ဆိုပေမဲ့ သူမကလည်း မခေတဲ့သူပါ သို့သော် သူ့လက်မောင်းထဲ ရောက်နေချိန်မှာတော့ သူမက နုနယ်တဲ့သူလေး ဖြစ်နေတယ်လို့ ခံစားရသည်
သူမမျက်စိကို မှေးပြီးသာ သူ့ကို ကြည့်လိုက်သည်
"သူကဧည့်သည်ပဲလေ အဲ့တော့ ကျွန်မသူ့ကို ကြိုဆိုတာဟာ ယဉ်ကျေးမှုပဲ ကျွန်မသာ အဲ့လိုမကြိုဆိုခဲ့ရင် တခြားသူတွေ ကျွန်မကို ဘယ်လိုထင်မလဲ"
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...