၅၁။ အစီအစဉ်တွေကိုဖော်ထုတ်ခြင်း
မုရုံရွှယ်အဲ့မေးခွန်းသံကိုကြားတဲ့အချိန် အနည်းငယ်တုန်သွားပြီး နောက်လှည့်ကြည့်လိုက်တဲ့အခါ ဒေါသတကြီးနဲ့ ဒူသခင်မကြီးက သူမဆီလျှောက်လှမ်းလာတယ်။ သူမ(ဒူသခင်မကြီး) နေသိပ်မကောင်းလို့ ဧည့်ခန်းထဲမှာခဏနားနေမလို့ပဲ။ ဒါပေမဲ့ အားလုံးကခန်းမဆောင်ဆီကို အပြေးအလွှားသွားနေတာမို့သူတို့နောက်ကနေလိုက်လာခဲ့တာ။ ဒါပေမဲ့ မုရုံရွှယ်က ရော့အာကိုအပြစ်တင်ရှုတ်ချနေတာတွေ့တော့ အရမ်းဒေါသထွက်သွားတယ်။
မုရုံရွှယ် သူမရဲ့ဒေါသထွက်နေတဲ့မျက်လုံးတွေကို မျက်နှာချင်းဆိုင်ကြည့်ပြီး ရက်ရက်စက်စက်ပြောလိုက်တယ်။ "သူမမေ့ရဲ့ လက်ဖွဲ့ပစ္စည်းဆိုင်ကိုအခွံပဲကျန်အောင်လုပ်တုန်းက သွေးသားတော်စပ်တဲ့အဒေါ်တစ်ယောက်လို ဘာလို့မပြုမူတာလဲ။ စုန့်ချင်းယန် ကိုသူမ လာဘ်ထိုးပြီး ကျွန်မအကို ကိုလိမ်လည်တုန်းကကော သူမကသွေးသားတော်စပ်တဲ့အဒေါ်တစ်ယောက်လိုပြုမူဖူးလား။ သူစုန့်ချင်းယန်နဲ့ ပူးပေါင်းပြီး အကို့ဆီကနေ ငွေဆတွေ လိမ်ယူဖို့လုပ်တုန်းကကော သွေးသားတော်စပ်တဲ့အဒေါ်တစ်ယောက်လိုပြုမူလား။ အခုသူ့ရဲ့ မကောင်းမှုတွေက ရောင်ပြန်ဟပ်ပြီး အချုပ်ကျတော့မယ့်အချိန်ကျမှ သူ့ကိုသွေးသားတော်စပ်တဲ့အဒေါ်တစ်ယောက်လိုသက်မှတ်ခိုင်းနေတာလား။"
"နင်.......!" ဒူသခင်မကြီး သတိမေ့မလိုဖြစ် သွားတာဖြင့်လှုပ်တောင်မလှုပ်နိုင်တော့ဘူး။ ရော့အာ အမှန်တကယ်ကိုအမှားလုပ်ခဲ့တယ်။ ဒါပေမဲ့ သူမကဝူအန်းအိမ်တော်ရဲ့သခင်မလေး၊ သူမသာအကယ်၍ အချုပ်တကယ်ကျခဲ့ရင် သူမရဲ့နာမည်ပျက်မှာ လုံးဝသေချာတယ်။ "ငါကမင်းရဲ့အဖွား နင်တို့နဲ့ပတ်သက်ရင် ဝင်စွတ်ဖက်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့် ငါ့မှာရှိတယ်။ အဲ့တာကြောင့် နင့်နဲ့စွပ်စွဲချက်တွေကိုခုပြန်ရုတ်သိမ်းလိုက်စမ်း....."
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...