3

285 31 2
                                    

<Unicode>

​တော်​သေးတာ​ပေါ့ကွာ ဘားကဖွင့်​နေ​သေးတာပဲ

ညီ​လေးဝီစကီတခွက်​လောက်
သူလဲ​ဝီစကီကို ဖြေး​ဖြေးချင်းအရသာခံကာ​သောက်​နေလိုက်​တော့သည်

ထိုစဉ် သံစဉ်​အေး​အေး​လေးလွင့်ပျံ့လာခဲ့သည်  အဲ့သံစဉ် အဲ့သံစဉ်​တွေကိုသူကြားဖူးနားဝရှိ​နေသည် အာဟုတ်သားပဲ အဲ့ဒါသူ့သီချင်းပဲ သူဆု​တွေအများကြီးထိ သိမ်းပိုက်နိုင်ခဲ့တဲ့သီချင်း ဘယ်သူများပါလိမ့် သူ့သီချင်းကိုပြန်ဆိုမယ့်သူက

သူစိတ်ဝင်တစား​စောင့်​နေခဲ့တယ် ​ဟောထွက်လာပါပြီ အဖြူ​ရောင်ရှပ်​လေးနဲ့ ​တော်​တော်ကြည့်​ကောင်းတာပဲ
aww ဟို​ကောင်​လေးပဲ သူ့ကားနဲ့တိုက်မိမလိုဖြစ်သွားတဲ့​ကောင်​လေး ကျွန်​တော့်ရဲ့အဖြူ​ရောင်​လေး သူ​တွေးရင်းပြုံးလိုက်မိတယ် ​

​ကောင်​လေးနဲ့​တွေ့တာနာရီပိုင်းပဲရှိ​သေးတာကို အခုသူက ကျွန်​တော့်ရဲ့ အဖြူ​ရောင်​လေးလို့ ​ရေရွတ်လိုက်မိတာလား ဟားး ​ကောင်​လေးမင်းက​တော့ ငါ့စိတ်ကိုလွွှမ်းမိုး​နေပြီ

​ကောင်​လေးကသူ့သီချင်းကို အသံချိုချို​လေး​တွေနဲ့ စတင်သီဆို​နေ​လေ​ရဲ့ အခုချိန်ထိ သူ့အားမမြင်​သေး​ပေ

​''နား​ထောင်လို့​ကောင်းလိုက်တာကွာ အသံ​လေးနဲ့လူနဲ့က လုံးဝကို ကွက်တိပဲ ငါ့ထက်​တောင်​ကောင်း​သေးတယ်ဟ တကယ်ကို perfect ပဲကွာ ´´
သူလဲ​ကောင်​လေးနဲ့အတူ သူ့သီချင်းအား လိုက်ညည်း​နေမိတယ်

သီချင်းဆို​နေရင်း သူ့အား တစ်စုံတစ်​ယောက်က ​သေချာစိုက်ကြည့်​နေသလို ခံစားလာရလို့ သူဟိုဟိုဒီဒီ လိုက်ရှာမိ​လေ​တော့

''aww ဟိုလူပဲ ဒီကိုဘာလာရှုတ်တာလဲမသိဘူး ရုပ်ကိုက အမြင်ကတ်စရာ​ကောင်းတယ် တကယ်ကိုကြည့်လို့မရဘူး အခုထိမျက်မှန်က မချွတ်နိုင်​သေးဘူး ´´ သူ ထိုလူ့အားမျက်​စောင်းထိုးကာ သီချင်းအား ဆက်ဆို​နေလိုက်​လေသည်

​ကောင်​လေးငါ့ကိုမြင်သွားပြီထင်တယ် သူ့ကိုစိုက်ကြည့်​နေတဲ့​ကောင်​လေးကို သူခွက်​မြှောက်ပြလိုက်​လေ​တော့ ရှုံ့မဲ့ကာ မျက်နှာလွှဲသွား​လေသည်

Unconditional Love ( jinkook ver ) Complete Where stories live. Discover now