<Unicode>
''ဟေ့လူ ခင်ဗျား လူတစ်ယောက်လုံးကို မမြင်ဘူးလားဟမ် ကန်းနေတာလား ဘာလဲ ပိုက်ဆံရှိတိုင်းလုပ်ချင်သလိုလုပ်လို့ရတယ်ဆိုပြီး လမ်းပေါ်ကလူတွေကိုဂရုမစိုက်တာလား .............´´
သူအတော်လေးကိုအံ့သြနေသည် ငါ့ကိုမသိဘူးလားဟ ဒီကောင်လေးက aww ငါရုပ်ဖျက်ထားလို့ သူသတိမထားမိတာနေမှာ ဘာပဲဖြစ်ဖြစ်ပါ ကောင်လေးဘာမှမဖြစ်တာ တော်သေးသည် တကယ့်ကို စွာတေးလန်လေး လူကိုရန်လုပ်နေတာများ အမူးတောင်ပြေချင်သွားတယ်
ကောင်လေးကတော့ သူ့အသီးတွေသာလိုက်ကောက်နေသည် သူလဲကူကောက်ပေးရတာပေါ့ သူ့ကြောင့်ဖြစ်တာဆိုတော့ သူကြည့်နေမိသည် ကောင်လေးကို တော်တော်တော့ချောတာပဲ သူကြည့်နေရင်းမှ ဟာဒီကောင်လေးဘာလုပ်နေတာလဲ သူကားအောက်လက်ဝင်ကာတခုခုကိုနှိုက်နေပြန်ပြီ သူကြည့်လိုက်တော့ ခရမ်းချဉ်သီးတစ်လုံးဖြစ်နေသည်
''ဟေ့ကောင်လေး မရတာကို ယူမနေစမ်းပါနဲ့ကွာ ထားလိုက်တော့ ပြီးတော့လဲ ခရမ်းချဉ်သီးလေး တစ်လုံးပဲဟာက်ို ငါပြန်ဝယ်ပေးမှာပါကွာ ထားလိုက်ပါတော့ ´´
''ဟာ ဟေ့လူ စကားကြည့်ပြောဗျ ဒီခရမ်းချဉ်သီးကို အလကားရလာတာမဟုတ်ဖူး ကျွန်တော့်လုပ်အားခနဲ့ဝယ်လာတာ ပြီးတော့လဲ ခင်ဗျားပြန်ဝယ်ပေးတာကိုလဲ မလိုချင်ပါဘူး ကျွန်တော်အဲ့ခရမ်းချဉ်သီးပဲလိုချင်တယ် ရအောင်ကောက်မှာ အဲ့ဒါကြောင့်မို့ မကူညီချင်ရင်နေ မနှောင့်ယှက်နဲ့ ´´
''အေးပါကွာ အဲ့ဒါဆိုလဲမင်းဖယ် ငါကောက်ပေးမယ် ငါကလက်တံနဲနဲပိုရှည်တယ်ကွ´´
'ပြီးတာပဲ မြန်မြန်ကောက် ကျွန်တော့်မှာအလုပ်ရှိသေးတယ်ဗျ ခင်ဗျားလို အလုပ်မရှိအကိုင်မရှိ အားယားပြီး ကားလျှောက်မောင်းနေတဲ့လူနဲ့ စကားများနေဖို့အချိန်မရှိဘူး အရက်နံ့တထောင်းထောင်းနဲ့ မူးရူးနေလိုက်တာများ မြင်လို့တောင်မကောင်းဘူး တကယ့်လူ့အမှိုက်ပဲ ´´
''တော်ပါတော့ကွာ မင်းကလဲ ဒါလေးဖြစ်တာကို ပြောဆိုနေလိုက်တာများ ရစရာကိုမရှိတော့ဘူး ´´
YOU ARE READING
Unconditional Love ( jinkook ver ) Complete
Fanfictionငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...