<Unicode>
''ဂျောင်ကုရေ အိပ်တော့နော် ငါလဲအိပ်တော့မယ် good night ´´
''omm ဂျီမင်း good night ´´
''ဟေ့ရောင် တကယ်အိပ်တော့နော် ဟိုလူကြီးကိုစောင့်မနေနဲ့တော့ လျှောက်ပြောတာပဲနေမှာ သူတို့လိုလူတွေကမယုံရဘူး အထူးသဖြင့် နာမည်ကြီးတဲ့သူတွေ ´´
'' မင်းကလဲကွာ အေးပါ ငါမစောင့်ပါဘူး အိပ်တော့မှာပါ´´
sorry သူငယ်ချင်း မင်းကိုမလိမ်ချင်ပါဘူး ဒါပေမဲ့ ငါ့နှလုံးသားကတော့ သူ့ကိုစောင့်ဖို့ပြောနေတာမို့လို့ပါ ငါခဏလောက်လေးပဲစောင့်မှာပါ
ဂျောင်ကုတစ်ယောက်မအိပ်နိုင်ဘူးဖြစ်နေတယ် အခုကို ၄နာရီထိုးနေပြီ ကိုကိုကတကယ်လာပါ့မလား ငါ့ကိုညာနေတာနေမှာပါ တကယ်ဘယ်လာပါ့မလဲ သူကနာမည်ကြီးအဆိုတော်တစ်ယောက်ပဲလေ ငါအိပ်လိုက်တာပဲကောင်းတယ် ဒါမှမဟုတ် ထပ်စောင့်လိုက်ရမလား
''ရောက်ပြီ မင်းကောင်လေးဆီရောက်ပြီ သေချာလို့လားကွာ တိတ်ဆိတ်နေတာပဲ ဘယ်သူမှရှိမယ့်ပုံလဲမပေါ်ဘူး ဟုတ်မှလဲလုပ်နော် လိပ်စာအမှားပေးလိုက်တာဖြစ်မယ် ဟား ဟားးးး မင်းတော့အညာခံလိုက်ရပြီထင်တယ် ´´
''တိတ်စမ်း ဒီနေရာဟုတ်ပါတယ် ငါသိနေတယ် ကောင်လေးငါ့ကိုမလိမ်လောက်ပါဘူး ဟိုမှာ မီးရောင်လေးရှိသေးတယ်တွေ့လား ငါလှမ်းခေါ်ကြည့်လိုက်မယ်´´
သူ့အား လက်ညှိုးတထိုးထိုးနဲ့ လှောင်ပြုံးပြုံးကာ ရယ်သံကြီးနဲ့ပြောဆိုနေသော နမ်ဂျွန်းကို ပိတ်အော်ပစ်လိုက်သည် မဟုတ်လို့ကတော့ သူ့ကိုဘယ်အချိန်ထိ ခနဲ့နေမယ်မသိ
''ဟုတ်ရင်ပြီးတာပဲကွာ လုပ်ချင်တာသာလုပ်တော့ ´´ ငါလဲကားပေါ်ကစောင့်နေတာပဲ ကောင်းတယ်
''ကောင်လေးရေ ကောင်လေး ကိုယ်ခေါ်နေတာကြားလား ကောင်လေး မင်းမအိပ်သေးဘူးမှတ်လား ခြံတံခါးလာဖွင့်ပေးပါအုံး ´´
အမ် ဘယ်သူ့အသံလဲ ကိုကိုများလား သူခန်းဆီးစကိုဖယ်ကာ လှမ်းကြည့်လိုက်တော့ တကယ်ပဲဆော့ဂျင်ဖြစ်နေလေသည် ကိုကိုတကယ်လာတာပဲ မလာတော့ဘူးထင်နေတာ
![](https://img.wattpad.com/cover/338527228-288-k508225.jpg)
YOU ARE READING
Unconditional Love ( jinkook ver ) Complete
Fanfictionငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...