<Unicode>
ဒီနေ့ ကိုကိုနဲ့အတူ အိမ်အသစ်လေးကို ပြောင်းနေကြတာ သိပ်ပျော်ဖို့ကောင်းတယ် အမေရယ် အဖေရယ် နေဖို့အိမ်လေးလေ ကိုကိုရွေးပေးထားတာ ခြံဝန်းလဲကျယ်ပြီး ပတ်ဝန်းကျင်လဲသန့်တယ် အေးချမ်းပြီး သာသာယာယာလဲ ရှိတယ် သဘောကျလိုက်တာ
အဖေ့ကို ပစ္စည်းတွေ ကူချပေးနေတဲ့ကိုကို့ပဲ လိုက်ကြည့်နေမိသည် ရိုးရိုးရှင်းရှင်းဝတ်ထားတာတောင် ကြည့်ကောင်းနေတုန်းပဲ
'' သားလေး ´´
'' ဟုတ်ကဲ့ အမေ ´´
'' သားလေးက သူနဲ့ အတူနေတဲ့ ဆက်ဆံရေးမျိုး ရှိနေတယ်နော် လက်မထပ်ပဲနဲ့လေ တစ်လောကလုံး ဘာပြောကြမလဲ ´´
'' ဘာပဲပြောပြောပေါ့ ဒါကျွန်တော့်ရဲ့ ကမ္ဘာကြီးလေ ကိုကိုပဲ ဒါပဲ ဘာမှမလိုဘူးလေ ကိုကိုရှိနေတာဘဲ ဘာများထပ်လိုရအုံးမှာတဲ့လဲ ´´
ကိုကို့ကိုသာ ကြည့်ရင်း အမေမေးတာကို ပြန်ဖြေမ်ိသည်
အခုနောက်ပိုင်း ကိုကိုက ရုပ်ရှင်ဇာတ်ဝင်တေးတွေ လက်ခံသင့်တယ်ဆိုလို့ လက်ခံပြီး အသံသွင်းဖြစ်နေသည် ဘယ်သွားသွားကိုကိုနဲ့အတူပဲ သိပ်စိတ်ချမ်းသာဖို့ကောင်းတာ ပြီးတော့ ကျွန်တော်တို့အကြောင်းကိုလဲ အကုန်လုံးကို ပြောပြထားလိုက်ပြီ ပရိသတ်တွေရော အားလုံးကိုပေါ့ ဘယ်သူမှ မေးခွန်းထုတ်လာမှာကို မလိုချင်ဘူးလေ ကိုကိုက ကျွန်တော့်အပိုင်ဆိုတာ လူတိုင်းသိသင့်တယ်မလား သက်ရှိနတ်ဘုရားလေးက ကျွန်တော့်အပိုင်
အခန်းထဲမှာ အရက်သောက်ရင်း စဉ်းစားနေမိတာ အခုဆိုရင် ကလေးငယ်က အရမ်းကို အောင်မြင်နေပြီ နေရာတိုင်း သူ့ပုံတွေကြည့် သူ့သီချင်းတွေကြည့်ဘဲ ကလေးငယ်ကို အဲ့လိုလေးမြင်ရတာ သိပ်ကြည်နူးဖို့ကောင်းတာဘဲ အခုဆို ရှိုးပွဲလုပ်ဖို့တောင် စီစဥနေပြီ အဲ့ဒါကြောင့် ကလေးငယ်နဲ့တောင် သိပ်မတွေ့ဖြစ်ဘူး သူကမအားတော့ဘူးလေ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်နေပြီ ကျွန်တော်ကတော့ ဘားတွေလှည့်ပြီး အရက်သောက်နေတာပေါ့ ဟား ဟား တစ်ယောက်ထဲနေရတာ တစ်ခါတစ်လေကျ သိပ်ပျင်းဖို့တော့ ကောင်းတာပေါ့ နမ်ဂျွန်းကိုတော့ သတ်ိရတယ် သူလဲ သူ့အလုပ်နဲ့သူ ရှုပ်နေမှာ သေချာတယ်
YOU ARE READING
Unconditional Love ( jinkook ver ) Complete
Fanfikceငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...