<Unicode>
ဂျောင်ကုတစ်ယောက်တော့ ခြံရှေ့မှာ ကျန်နေခဲ့တော့တယ် သူဘာလုပ်ရမှန်းမသိဘူး လောလောဆယ် သူသိသည်က နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေတာမို့လို့ အရင်ဆုံး စိတ်တည်ငြိမ်အောင်လုပ်ရမည်
အခန်းတံခါးကိုလော့ချပြီးသည်နှင့်တပြိုင်နက်
'' အားးးးးးး ´´
အခန်းထဲမှာ ခုန်ပေါက်ကာ ပျော်လွန်းလို့ အော်လိုက်မိသည်အထိ သူ့အသံဘယ်လောက်အထိကျယ်သွားသည်ကို သူလဲမသိတော့ ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးကြားအောင်သာ အော်ပစ်လိုက်ချင်တော့သည်
ဂျီမင်းတရေးနိုးကာ ရေဆာလို့ရေထသောက်စဉ် ဂျောင်ကုအခန်းထဲမှ အော်သံကြားလိုက်ရသည် ရုတ်တရက်ဆိုတော့ လန့်သွားသေးသည် ဘာများဖြစ်လို့ပါလိမ့် တံခါးနားအမြန်သွားကာ မေးမြန်းရသေးသည်
'' ဂျောင်ကု ဘာဖြစ်လို့လဲ ´´
'' ဘာမှမဖြစ်ပါဘူး ခလုတ်တိုက်ပြီးချော်လဲတာ ´´
'' ဘာမှမဖြစ်တာ သေချာပါတယ်နော် ´´
'' omm ´´
နမ်ဂျွန်းကားပေါ်မှာထိုင်စောင့်နေရင်းမှ ပျင်းရိလာတော့သည် ကြာလိုက်တာကွာ တကယ်ပါဘဲ ငါရောပါသေးတယ်ဆိုတာ မေ့နေတာလား ဒီကောင်ကတော့ သူမကျေမချမ်းရေရွတ်နေတုန်းရှိသေး ကားတံခါးဖွင့်သံကြောင့် လန့်သွားရသည်
'' ဘာတွေများ ပြောနေကြတာလဲကွာ အကြာကြီးပဲ ´´
'' ငါကောင်လေးကို မြေတောင်မြှောက်ပေးချင်တယ် အဲ့ဒါကြောင့် အကျိုးအကြောင်း ပြောပြနေတာ ´´
'' မင်းဟာကလဲ ဟုတ်မှလုပ်ပါ ´´
'' သူကတကယ်ထွန်းပေါက်မယ့်ကောင်လေး သူဘားမှာသီချင်းဆိုတာ မင်းမကြားလို့ကြားရင်ငါ့လိုပဲမင်းလဲ ခံစားရလိမ့်မယ် တကယ်တော်တာကွ ´´
''အေးပါ ဟုတ်ပါပြီ အခုတော့အိမ်ပြန်မယ်မလား ´´
'' အင်း ´´
ဆော့ဂျင် pov သူလက်ခံပါ့မလား ငါ့ကိုရော ယုံကြည်ပါ့မလား အခုမှတွေ့တဲ့လူတစ်ယောက်ကိုလေ သူလက်ခံလောက်မှာပါ စဉ်းစားခန်းဝင်နေတာနဲ့ အိမ်ပြန်ရောက်တာတောင်မသိလိုက်ဖူး
YOU ARE READING
Unconditional Love ( jinkook ver ) Complete
Fanfictionငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...