<Unicode>
ခြံရှေ့မှာ သူ့ကိုပြုံးကြည့်နေတဲ့ ကိုကိုကြောင့် ရင်ခုန်သံတွေမူမမှန်ချင်တော့ဘူး တကယ်ပါ ကိုကိုကညမီးရောင်မှိန်မှိန်လေးအောက်မှာတောင် အပြုံးတွေကတောက်ပနေလိုက်တာ တကယ့်ကိုနတ်ဘုရားတစ်ပါးလိုပဲ ကိုကိုကလွဲပြီး ဘယ်သူမှ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းမရှိတဲ့ ကျွန်တော့်နှလုံးသားလေးထဲမှာ ထာဝရသော့ခတ်ပြီး သိမ်းထားပစ်ချင်စရာအတိ
ကိုကို့လက်ကိုမြန်မြန်ဆွဲကာ လမ်းဘေးရပ်ထားတဲ့ ကားတစ်စီးဘေးမှာကပ်ထိုင်လိုက်လေတော့
''ဟေ့ ဘာလို့ဇွတ်ဆွဲနေတာလဲ ဘာဖြစ်လို့လဲ ´´
''အကိုမသ်ိပါဘူးဗျာ မန်နေဂျာသိရင် ဒဏကြေးဆောင်ရလိမ့်မယ်ဗျ အိပ်ချိန်ဘယ်သူမှ အပြင်ထွက်လို့မရတော့ဘူး ပြီးတော့ကျွန်တော်အလုပ်ပြုတ်လိမ့်မယ် အလကားနေရင်း အလုပ်မပြုတ်ချင်ပါဘူးဗျာ ´´
'' sorry sorry နော် ကောင်လေး ကိုယ်လောသွားတယ် ကိုယ်ကမင်းကိုစကားတွေအများကြီး ပြောချင်နေတာမို့ပါ ကိုယ်ပြောတာတွေကို နားထောင်မယ်မလား ´´
'' ဟုတ် ´´
'' တကယ်တော့လေ ကိုယ်ကမင်းအသံလေး ကြားကြားချင်းကို သဘောကျသွားခဲ့တာ တကယ်ပြောတာ ´´
ဘာမှပြန်မပြောဘဲ အူကြောင်ကြောင်လေးနဲ့ သူ့ကိုသာ ကြည့်နေတဲ့ကောင်လေးကြောင့် ဘယ်ကနေဘယ်လိုဆက်ပြောရမှန်းမသိတော့ စကားစလဲရှာမရတော့တဲ့အဆုံး ဂုတ်ပိုးကိုသာ လက်နဲ့ပွတ်နေလိုက်သည်
တယောက်ထဲစကားတွေပြောနေရင်းက ခေါင်းငုံ့သွားပြီး လည်ပင်းကိုလက်နဲ့ပွတ်နေသောကိုကို့ကြောင့် သူခေါင်းငြိမ့်ပြီး ပြုံးပြလိုက်ရသေးသည် မဟုတ်လျှင် ဘယ်အချိန်ထိ အဲ့လိုလုပ်နေမည်မသိပေ
စကားစရှာနေရင်း ကောင်လေးကိုကြည့်လိုက်တော့ သူ့ကိုပြုံးကြည့်နေတဲ့ကောင်လေးကြောင့် သူရင်တွေအရမ်းခုန်နေသည်မှာ ရင်ဘတ်ထဲကအကောင်ပေါက် အပြင်ကိုထွက်ကျလာမှာကိုပင် စိုးရိမ်ရသေးသည် ဘဝမှာဘယ်သောအခါကမှ မဖြစ်ဖူးတဲ့အရာတွေက ဒီကောင်လေးနဲ့တွေ့မှ ပထမဆုံးဖြစ်ပေါ်လာခဲ့ခြင်းပင် သူပြုံးလိုက်မိသည်

YOU ARE READING
Unconditional Love ( jinkook ver ) Complete
Fanfictionငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...