<Unicode>
နောက်နေ့မနက်ရောက်သော် ဂျင်မနက်စာထွက်စားပြီး အခန်းရှိရာသို့သွားရန် ဓာတ်လှေကားစောင့်နေလိုက်သည် ကောင်လေးကိုလဲရှာလို့မတွေ့ဘူးကွာ နောက်နေ့ပေါ့ တွေ့လောက်မှာပါ သူသက်ပြင်းရှည်ကြီးချကာ ဓာတ်လှေကားသာ စောင့်ဆိုင်းနေလိုက်သည်
'' ဆရာ ဆရာ ´´
ဘယ်သူများပါလိမ့်ဆိုပြီး သူလှည့်ကြည့်လိုက်တော့ လုံခြုံရေးစောင့်တဲ့ ဦးလေးကြီး ဖြစ်နေလေသည်
'' ဟုတ်ကဲ့ ဘာပြောချင်လို့လဲ ´´
'' ကောင်လေးတစ်ယောက်က ဆရာ့ကို ဒါလေးပေးပေးပါဆိုလို့ပါ ´´
ဟုဆိုကာ သူ့အိတ်ကပ်ထဲက စာရွက်လေးအား ထုတ်ပေးလာသောကြောင့် သူအူကြောင်ကြောင်နဲ့ လှမ်းယူလိုက်ရသည်
'' သူဘယ်တုန်းက လာသွားတာလဲ ´´
'' မနေ့ညနေကပါ ´´
'' ဆရာ့ကို ဖုန်းနှစ်ခါ သုံးခါဆက်သေးတယ်လို့လဲပြောတယ် ဆရာမအားဘူးလို့ ပြန်ဖြေတယ်လို့လဲ ပြောသေးတယ် သူ့ပုံစံက လူကောင်းပုံစံပေါ်နေတာမို့လို့ ဆရာ့ကို လာပြောပြတာပါ ´´
'' ကျေးဇူးပဲ ´´
'' ရပါတယ် ´´
ဒါဆိုရင် ကောင်လေးက သူ့ဆီဖုန်းဆက်ခဲ့တယ်ပေါ့ ဘာလို့နမ်ဂျွန်းက မပြောပြရတာလဲ တကယ်ပါပဲ သေချာမှာထားရဲ့သားနဲ့ သူစိတ်ထဲကတွေးတောရင်း ဒေါသထွက်လာကာ ခြေလှမ်းများကတော့ နမ်ဂျွန်းဆီသို့သာ ဦးတည်လိုက်တော့သည်
ကွန်ဒိုအပေါ်ထပ်ရှိ ဟောခန်းထဲတွင် သူနေပြန်ကောင်းလာသောကြောင့် ပါတီတစ်ခု လုပ်နေလျှက်ရှိသည် ဧည့်သည်များကို ဧည့်ခံနေသော နမ်ဂျွန်းဆီသို့သွားကာ တွန်းပစ်လိုက်မိတော့သည် အနောက်သို့ ယိုင်လဲကျသွားတဲ့နမ်ဂျွန်းက မတ်တပ်ပြန်ရပ်ရင်းမှ
'' မင်းဘာလုပ်တာလဲ ´´
'' ငါဘာလို့ ဒီလိုလုပ်တာလဲ လာမမေးနဲ့ မင်းဘာလုပ်ခဲ့သလဲဆိုတာ အရင်စဉ်းစားလိုက်အုံး ´´
![](https://img.wattpad.com/cover/338527228-288-k508225.jpg)
YOU ARE READING
Unconditional Love ( jinkook ver ) Complete
Фанфикငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...