<Unicode>
ဆော့ဂျင်လဲ အပျော်လွန်ကာ ကားပါကင်ဆီသို့အသွား ဖုန်းဝင်လာခဲ့သည် ကိုင်မည့်ဆဲဆဲမှာတော့ နောက်ကနေချောင်းရိုက်တာ ခံလိုက်ရလေတော့သည် လက်ထဲကနေချော်ကျသွားသော ဖုန်းလေးကတော့ကြမ်းပြင်ပေါ်မှာ ကိုင်မည့်သူကမရှိပေမဲ့ တုန်ခါနေဆဲ
ဖုန်းကနောက်တကြိမ်ထပ်ဝင်လာခဲ့သည် သေလောက်အောင်အရိုက်ခံနေရသော်လဲ ဖုန်းဆီသို့ လေးဖက်ထောက်ကာသွားမိသည် ဖုန်းနံပါတ်က သူ့ contact ထဲမှာမရှိတဲ့နံပါတ်ကြီး အဲ့တော့ ဖုန်းဆက်လာမည့်သူက ကောင်လေးဖြစ်နိုင်ချေများနေသည်မို့ သူ့အာရုံတွေအားလုံးက ဖုန်လေးဆီမှာသာ သူ့ကိုရိုက်နေသော လူတွေကို ပြန်ခုခံရန် မစဉ်းစားမိသလို ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရန်လဲ သတိမပြုမိ သူ့စိတ်အာရုံတွေအားလုံးက အဆက်မပြတ်အော်မြည်နေတဲ့ ဖုန်းလေးဆီမှာသာ
stranger ''ရိုက်ကြကွာ စုတ်ပျက်သွားအောင်လို့ ဒါမှမှတ်မှာ မသေရင်ပြီးတာပဲ ချကြ မဟုတ်ရင် သူဋ္ဌေးကလဲ ဆူလိမ့်မယ်ကွ ´´
သူစကားသံတွေသာကြားနေရသည် မျက်နှာတွေကိုတော့မမြင်ရဘူး အနည်းဆုံးငါးယောက်လောက်တော့ရှိမည် ကြာလာတော့ သူခံနိုင်ရည်မရှိတော့ အမြင်အာရုံတွေဝေဝါးကာ သတိမေ့သွားတော့သည် ကိုင်သူမဲ့နေတဲ့ ဖုန်းလေးကတော့ ကြမ်းပြင်ပေါ်မှာ ဆက်တိုက်မြည်နေဆဲပါဘဲ
'' ရပြီ ရပြီ ဒီလောက်ဆိုရင် သူသေတော့မသေလောက်ပါဘူး ထားလိုက်တော့ ပြန်ရအောင် အစောင့်တွေတွေ့သွားရင် မလွယ်ဘူး ´´
နမ်ဂျွန်းတစ်ယောက် ဆေးရုံအတွင်း ပျာယာခတ်နေရသည်
'' သတိထားပါ ပြီးတော့ ဘယ်သူ့ကိုမှ ဒီအကြောင်းမပြောပါနဲ့ ´´
ဆေးရုံကိုလိုက်ပို့ကြသော ဝန်ထမ်းတွေကို အသေးစိတ်မှာကြားနေရခြင်းပါ သတင်းပေါက်ကြားသွားလို့ မဖြစ်ဖူးလေ
'' ဂျာနယ်လစ်တွေရော မီဒီယာသမားတွေရော သူ့အကြောင်းမေးလာရင် သူအမေရိကကို ရှိုးပွဲရှိလို့ သွားတယ်လို့ပြောလိုက်ပါ ´´
YOU ARE READING
Unconditional Love ( jinkook ver ) Complete
Fanficငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...