<Unicode>
'' ငါတို့ ဆက်ဆံရေးကို ဒီမှာဘဲအဆုံးသတ်ကြရအောင် အခုချက်ချင်းပဲ အခုကဘာမှမဆုံးရှုံးသေးဘူးငါတို့အရမ်းကြီးလဲ မနီးစပ်ခဲ့ကြဘူးလေ ငါတို့တစ်ယောက်မရှိဘဲ တစ်ယောက်ရှင်သန်နိုင်တယ် မင်းကအခုအောင်မြင်နေပြီ ဂျောင်ကု မင်းမှာအရာအားလုံးရှိတယ် မင်းရဲ့ကိုယ်ပိုင်ဘဝမှာရှင်သန်ပါ ငါ့ရဲ့အကျင့်တွေကိုငါမထိန်းချုပ်နိုင်တော့ဘူး ငါ့အနာဂတ်ကို ငါမမှန်းရဲဘူး ငါဘာဖြစ်သွားမလဲဆိုတာ ငါမသိဘူး အဲ့ဒါကြောင့် မင်းကိုဆွဲမထားသင့်ဘူးလို့ ထင်တယ် ဆွဲထားဖို့ကိုငါမလုပ်နိုင်ဘူး ´´
ကိုကိုပြောသမျှသာ ငြိမ်သက်စွာ နားထောင်နေမိသည် ဘာမှချက်ချင်းကို ပြန်မပြောနိုင်အောင် ရင်ဘတ်ထဲက နာသည် နှလုံးသားကို အစိမ်းလိုက်ဆွဲထုတ်ခံလိုက်ရသလိုမျိုး ကိုကို့စကားများကြောင့် သေမတတ်နာကျင်ရသည်
'' ဒါဆို အဲ့ဒီအကျင့်တွေကိုမေ့ပစ်လိုက် အဲ့ဒါမကောင်းဘူး ကျွန်တော်ကူညီပေးမယ် ကိုကိုအဲ့ဒီအကျင့်တွေကို ဖျောက်ပစ်ဖို့ ကျွန်တော်ကူညီပေးမယ် ကျွန်တော့်ကိုအခွင့်အရေးတခါပဲပေးပါ ´´
'' ငါဘယ်တော့မှ ထားခဲ့နိုင်မှာမဟုတ်ဖူး ငါ့ကိုသာ ထားခဲ့လိုက်ပါ အဲ့ဒါကြောင့် ငါပြောတာ နားထောင် ငါမရှိတာကမင်းပိုပျော်ရွှင်ရမှာပါ ´´
'' ဆိုလိုတာက ကိုကိုဒီအကျင့်ဆိုးတွေနဲ့တော့ ရှင်သန်နိုင်တယ် ကျွန်တော်နဲ့တော့မဟုတ်ဖူးပေါ့ အဲ့လိုလား ကိုကို ကျွန်တော်မေးတာဖြေစမ်းပါ ကိုကိုအချစ်ဆိုတာကလေ ဟာသတစ်ခုမဟုတ်ဖူး နောက်စရာမဟုတ်ဖူး ´´
'' ဒါပေမဲ့ငါ့ဘဝကဒီလိုပဲလေ ဒီအတိုင်းပဲသွားတော့မှာ ´´
'' အဲ့ဒါဆိုဘာလို့ ကျွန်တော့်ဆီလာခဲ့တာလဲ ကျွန်တော့ဘဝထဲကို တိုးဝင်ခဲ့တာလဲ ဘာလို့လဲ အစထဲကဝင်မလာခဲ့သင့်ဘူးလေ ´´
'' ငါကရောဝင်လာချင်တယ်ထင်လို့လား ဟမ် အဲ့ဒါကြောင့် ငါ့ကိုထားခဲ့ပြီးထွက်သွားတော့ ကိုယ့်ဘဝနဲ့ကိုယ်ပဲနေတော့ ´´
YOU ARE READING
Unconditional Love ( jinkook ver ) Complete
Fanfictionငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...