12

162 13 2
                                    

<Unicode>

အ​ဆောင်ပြန်​ရောက်​တော့ သူငယ်ချင်းအားလုံးကို သူလိုက်နှုတ်​ဆက်​နေသည် ဆိုင်က​တော့ဒီ​နေ့ဖွင့်ဖြစ်​တော့မှာမဟုတ် ကိုကိုပွဲကြမ်းထားလို့ အနည်းငယ်ပျက်စီးသွားသည်​လေ

'' ​ဂျောင်ကုရေ ဂရုစိုက်​နော် ငါလဲမကြာခင် လိုက်လာခဲ့မှာမို့လို့​စောင့်​နေ​နော် သိလား ´´

အ​ဆောင်ကသူ့ပစ္စည်း​တွေယူပြီး​တော့ ဂျီမင်းနဲ့ အလွမ်းသယ်​နေခြင်းပါ သူက​တော့ ကိုကို့​ကြောင့် အလုပ်ကထွက်လိုက်ပြီဆို​ပေမဲ့ ဂျီမင်းက​တော့ ဆက်လုပ်ရအုံးမည်​လေ ထို့​ကြောင့် စကား​ဖောင်ဖွဲ့​နေခြင်း ​နောက်ဆုံးအ​နေနဲ့ သူဂျီမင်းကို ဖက်လိုက်မိသည်

​ကောင်​လေးက အခုသူ့သူငယ်ချင်း​တွေကို လိုက်နှုတ်ဆက်​နေတာမို့ သူမလှမ်းမကမ်းက​နေ ကားကို​ကျောမှီကာ မမှိတ်မသုန် လိုက်ကြည့်​နေမိသည် ​ကောင်​လေးက လူချစ်လူခင်​တော်​တော်​ပေါတာပဲ ​ဘေးအိမ်ကလူတစ်ချို့ကပါ လာပြီးနှုတ်ဆက်​နေကြ​လေ​တော့ သူအံ့သြရသည် သူတို့စ​တွေ့တုန်းက တကယ်ကိုစွာ​တေးလန်​လေး​လေ သူပါလန့်သွားရသည်အထိ သူ့ကိုပြန်ရန်လုပ်ခဲ့တဲ့​ကောင်​လေးမှ ဟုတ်ရဲ့လားလို့ ​တွေး​နေမိသည် အခုလိုကျ​တော့လဲ​တော်​တော်​လေးကို ချစ်စရာ​ကောင်းတာပဲ

'' ဂျင် မင်း​သေချာလို့လား ´´

'' အမ် ဘာကိုလဲ စကားကိုရှင်းရှင်း​ပြောဟ နမ်ဂျွန်းရ ငါကဘာက်ို​သေချာရမှာလဲ ´´

'' ​အဲ့​ကောင်​လေးကိစ္စ​လေ တကယ်​သေချာလား ´´

'' အင်း ငါဆုံးဖြတ်ပြီးသွားပြီ ​သေချာတယ် ငါ့​နေ​ရာကို ဝင်နိုင်မယ့်သူက သူတစ်​ယောက်ထဲရှိတာ အဲ့​တော့ ​သေချာ​ပေါက်သူပဲဖြစ်နိုင်တယ် ငါသူ့က်ိုယုံတယ် ´´

'' မင်း​သေချာရင်ပြီးတာပဲ ​နောက်မှ ပြဿနာတက်လာရင်​တော့ ကိုယ့်ကိစ္စကိုယ်ရှင်းရမှာ​နော် ´´

'' ငါသိတယ် ပြီး​တော့ အဲ့လိုကိစ္စ​တွေရှိလာစရာအ​ကြောင်းမရှိဘူး ´´

စကား​ပြောပြီးသွားသည်နှင့် သူ့ဆီပြုံးပြီးလှမ်းလာ​နေတဲ့ ​ကောင်​လေးဆီသို့သာ သူ့အာရုံ​တွေအားလုံးကို ပို့ထားလိုက်သည်

Unconditional Love ( jinkook ver ) Complete Where stories live. Discover now