23

155 11 2
                                    

<Unicode>

မနက်​ရောက်​တော့ သူ​သေချာ​လေးပြင်ဆင်ကာ ​စောင့်​နေလိုက်​တော့သည် ​ဟော လာပါပြီ ကျွန်​တော့်ရဲ့လမင်းကြီး အဖြူ​ရောင်​လေးနဲ့ တအားကိုကြည့်​ကောင်း​နေ​တော့တာ ​​ပြောလို့သာ​ပြောရတာ ကိုကိုက ကြည့်မ​ကောင်းတဲ့အချိန်ရယ်လို့မှမရှိတာဘဲ​လေ အမြဲကြည့်​ကောင်း​နေတာပါဘဲ

''​ ဟေ့ ဘာ​တွေ​ငေး​နေတာလဲ သွားကြမယ် ´´

ကိုကို​ခေါ်လိုက်​တော့မှ အ​တွေးကမ္ဘာထဲက ရုန်းထွက်မိ​တော့သည် ကိုကိုသာမ​ခေါ်သေးရင် ဘယ်အချိန်ထိ ဆက်​ငေး​နေမိမယ်မသိ ဖြစ်နိုင်ရင် ကျွန်​တော့်ရဲ့လမင်းကြီး​ကို ထာဝရသာ ​ငေး​မော​နေလိုက်ချင်သည်

'' ဟုတ် ဘယ်​ခေါ်သွားမှာလဲ ´´

''​ ဟော မ​ပြောပြပါဘူးဆို ဇွတ်ကိုသိချင်​နေ​တော့တာပဲကွာ ဒီဘက်ခဏလှည့် ´´

သူလှည့်​ပေးလိုက်​တော့ မျက်လုံးကို အဝတ်​လေးတစ်ခု စည်း​ပေးလာသည်

'' ဘာဖြစ်လို့လဲအစ်ကို ´´

'' ဟို​ရောက်ရင်သိလိမ့်မယ် ကိုယ့်ကိုယုံတယ်မလား ´´

'' ဟုတ် ´´

'' အဲ့ဒါဆို အဲ့အတိုင်း​လေး ငြိမ်ငြိမ်​လေးထိုင်လိုက်ခဲ့ မင်းကို​ရောင်းမစားပါဘူးကွာ ´´

'' ဟီး ဟီး ´´

ကိုကို့စကား​ကြောင့်နှစ်​ယောက်သား ရယ်မိကြသည် ကိုကိုက ဟာသဉာဏ်လဲရွှင်​တာပဲ စတာ​လေးက ချစ်စရာ​လေး ထိုလူသားဘာလုပ်လုပ် အကုန်လုံးနီးပါးကို ချစ်စရာ​ကောင်း​နေ​တော့တာပဲ

''​ ရောက်ပြီ လာ ကိုယ့်လက်ကိုကိုင်ပြီးလိုက်ခဲ့ ´´

ကိုကို့လက်အစုံကို သူ့လက်များနှင့် တင်းကြပ်​နေ​အောင်ဆုပ်ကိုင်လိုက်ပြီး ကိုကို​ခေါ်ရာ​နောက်လိုက်သွားလိုက်သည် တစ်​နေရာ​ရောက်​တော့ ရပ်လိုက်ပြီး သူ့မျက်လုံးစည်းထားတဲ့အဝတ်ကို ကိုကိုကချွတ်​ပေးလာသည် ရုတ်တရက်​ဆိုတော့ မျက်လုံးက​သေချာပွင့်မလာ​သေးဘူး ​နေ​ရောင်ကလဲ ထိုး​နေ​သေးတာ​ကြောင့် ဘာမှကို သဲသဲကွဲကွဲမမြင်ရလို့ သူ့လက်ကာပြီး ကြည့်လိုက်သည်

Unconditional Love ( jinkook ver ) Complete Where stories live. Discover now