24

146 9 4
                                    

<Unicode>

ဘာလိုလိုနဲ့ စတူဒီယ်ိုမှာ ​ကောင်​လေးအသံစသွင်းရ​တော့မဲ့နေသို့ ​ရောက်လာခဲ့​လေပြီ သူတို့အားလုံး စတူဒီယိုထဲ​ရောက်​နေကြပြီဖြစ်သည် သို့​သော် ​ကောင်​လေးက​တော့ အခုထိ နား​နေခန်းထဲမှာဘဲ ရှိ​သေးသည်

​ဂျောင်ကုကြောက်​နေမိသည် တကယ်လို့ သူအသံသွင်း​နေရင်း အမှားလုပ်မိသွားရင်​ရော ဘယ်လိုလုပ်ရပါ့မလဲ စိတ်ပူလွန်းလို့ ဘာမှ​တောင် ​သေချာမစဉ်းစားနိုင်​တော့ဘူး အခုက ဘားမှာ​ဆိုသလိုမဟုတ်ဖူး မှားလို့မဖြစ်ဖူး အကုန်​စောင့်ကြည့်​နေကြမှာ သူတစ်ချက်​လောက်မှားတာနဲ့ သူ့ကို​လေ့ကျင့်​ပေးခဲ့တဲ့ ကိုကိုအ​ပြောခံရနိုင်သည် ဘယ်လိုလုပ်ရင်​ကောင်းမလဲ

ယွန်ဂီတစ်​ယောက်စိတ်မရှည်နိုင်​တော့ပါ နာရီတကြည့်ကြည့်ဖြစ်​နေ​လေပြီ

'' ဂျင် သူဘယ်​တော့ထွက်လာမှာလဲ ​စောင့်​နေရတာ တနာရီရှိပြီ ငါစိတ်မရှည်​တော့ဘူး ပြဿနာရှိလို့လား ´´

'' မရှိပါဘူး အစ်ကိုရ ကျွန်​တော် သွား​ခေါ်လိုက်မယ် ခဏ​တော့​စောင့်​ပေးပါ ´´

သူနား​နေခန်းတံခါးကို ​ခေါက်လိုက်သည် တံခါးကမှန်တံခါးမို့လို့ အတွင်းထဲကို အကုန်မြင်​နေရသည် ဖွင့်ပြီးဝင်မလို့လုပ်​တော့ ​လော့ချထားသည်

''​ ကောင်​လေး တံခါးဖွင့်​ပေးပါအုံး ´´

တံခါး​ပေါက်ကို ​ကျော​ပေးထိုင်​နေတဲ့ ​ကောင်​လေး သူ့ဘက်လှည့်လာခဲ့ပြီး တခါးနားထိ​ရောက်လာခဲ့သည်

'' ထွက်ခဲ့​နော် လုပ်ပါ ´´

'' ကျွန်​တော်မဆိုနိုင်ဘူး ´´

တံခါးဖွင့်မ​ပေး​သေးဘဲ ​ခေါင်းငုံ့ထားကာ ​ပြောလာသည်

''​ ကောင်​လေး ကိုယ်တို့အားလုံးထိတ်လန့်ကြတာပဲ​လေ ကိုယ်လဲဖြစ်ခဲ့တာပဲ ကိုယ့်တုန်းကဆို စတူဒီယိုက​နေကို ထွက်​ပြေးခဲ့တာ မင်းလုပ်နိုင်ပါတယ် ´´

'' မဟုတ်ဖူး ကျွန်​တော်မလုပ်နိုင်ဘူး ဘားနဲ့ကမတူဘူး ဘားမှာအမှားလုပ်လို့ ဘာမှမဖြစ်ဖူး ဒါ​ပေမဲ့ ဒီမှာက .....´´

Unconditional Love ( jinkook ver ) Complete Where stories live. Discover now