14

129 10 0
                                    

<Unicode>

ကုမ္ပဏီတွင်

'' အစ်ကို ကျွန်​တော်​နောက်​နေတာ မဟုတ်ဖူး ​ကောင်း​လေးတစ်​ယောက်ရှိတယ်လို့ ´´

သူယွန်ဂီ​့​နောက် တ​ကောက်​ကောက်လိုက်ကာ ​ကောင်​လေးအ​ကြောင်း​ပြောပြ​နေခြင်းပါ ဒါ​ပေမဲ့ သူ့ကိုစ​နေတာလို့ပဲ ထင်​နေသည့်ယွန်ဂီ​ကြောင့် ထင်သ​လောက်​တော့ ခရီးမ​ပေါက်ပါဘူး

'' အိုး ဘုရား​ရေ မင်းက လက်ထပ်​တော့မလို့လား ´´

သူက​ကောင်​လေးလို့​ပြောလိုက်တာနဲ့ ဘာကိုအထာ​ပေါက်သွားမှန်းမသိတဲ့ ယွန်ဂီက​တော့ အ​ရောက်ပို့​နေပြန်ပါပြီ

'' မဟုတ်ဖူး အဲ့လိုမဟုတ်ဖူး အစ်ကို ကျွန်​တော်​ပြောတာဆုံး​အောင် နား​ထောင်ပါအုံး ´´

သူ့ဘက်လှည့်ကာ ပုခုံးတွန့်ပြလာပြန်သည် ဘာလဲဆို​သောသ​ဘောဖြင့်

'' သူကအရမ်း​တော်တဲ့အဆို​တော်တစ်​ယောက် အရမ်း အရမ်း အရမ်း အရမ်း​တော်တာပါဆိုဗျာ ´´

'' အရမ်းဆိုတဲ့စကားကို ဘာလို့တအား​ပြော​နေရတာလဲ ​ကောင်းပြီ ငါမင်းကို ယုံလိုက်မယ် ´´

'' ​ဟေ့ မနက်ဖြန် ချိန်းထားတာ​တွေ အကုန်လုံးကို ဖျက်လိုက်​တော့ ´´

ယွန်ဂီ staff တစ်​ယောက်ကို လှမ်းမှာ​နေရင်းမှ ရုံးခန်းထဲ ဝင်သွား​သော​ကြောင့် သူအ​နောက်က​နေ ​ကောင်​လေးအ​ကြောင်းလိုက်​ပြောပြရ​​တော့သည်

'' သူက ဘားတစ်ခုမှာ သီချင်းဆိုတာ ´´

ဘားလို့​ပြောလိုက်တာနဲ့ သူ့ကိုလှည့်ကြည့်လာကာ လက်ညှိုးထိုးလိုက်ပြီး​တော့ ​မေးမြန်းလာပြန်သည်

'' ဆိုလိုတာက မင်း​ပြောတာက မင်းအမြဲတမ်းလိုလို ​ရောက်​နေတတ်တဲ့​နေရာလား ´´

'' ဟုတ်တယ် ဒါ​ပေမဲ့ အသံ​ကောင်းတယ် ကျွန်​တော်တပုလင်းလုံးကုန်သွားတာ​တောင် မမူးလိုက်ဖူး တကယ်​ပြောတာ ´´

'' ဟုတ်မှလုပ်ပါ ဂျင်ရာ မင်း​သောက်တာနဲသွားတာ​နေမှာ​ပေါ့  ´´

'' ဟုတ်တယ် အရင်​နေ့​တွေကထက်​တော့နဲတယ် ဒါ​ပေမဲ့ ဘယ်လိုမှကို မ​နေတာပါဆိုဗျာ ´´

Unconditional Love ( jinkook ver ) Complete Where stories live. Discover now