10

177 17 1
                                    

<Unicode>

ဆိုင်ထဲတွင်မန်​နေဂျာနဲ့ ​ဂျောင်ကုစကားအ​ချေအတင်ဖြစ်​နေကြသည်

'' အစ်ကို ကျွန်​တော်အလုပ်ထွက်​တော့မယ် ´´

'' မင်းကဘယ်သူ့အားကိုးနဲ့လဲ ´´

'' ဘယ်သူ့အားကိုးနဲ့မှမဟုတ်ပါဖူး အဲ့ဒါကျွန်​တော့်လစာ​လေး ထုတ်​ပေးလို့ရမလား ´´

'' လစာဟုတ်လား မင်းဒီမှာလုပ်တာ သုံးလ​တောင်မပြည့်​သေးဘူး ပြီး​တော့ မင်းအ​မေကငါ့ကို​ပေးစရာရှိ​သေးတယ်​ လစာက​တော့​မျှော်လင့်မ​နေနဲ့ ​ပေးမှာမဟုတ်ဖူး အနည်းဆုံး​ခြောက်လလုပ်ရမယ်လို့ စည်းကမ်းထဲမှာပါတယ်​လေ´´

'' ဘာစည်းကမ်းလဲ ဘယ်စည်းကမ်းကို​ပြော​နေတာလဲ အစ်ကိုရဲ့စည်းကမ်းဆိုတာကြီးက သက်သက်မဲ့ ကျွန်​တော်တို့ကို ​ခေါင်းပုံဖြတ်ချင်လို့ ထုတ်ထားတာ​တွေ​လေ အသိသာကြီးကို ´´

'' မင်းကအားကိုး​လေးရှိ​တော့မှာဆို​တော့ ငါ့ကိုအာခံချင်တာလား ´´

'' အာခံတာမဟုတ်ဖူး အမှန်အတိုင်း​ပြော​နေတာ ဒီမှာရှိတဲ့လူတိုင်းသိတာပဲ ဘာမဟုတ်တာ​လေး​တွေအတွက်နဲ့လစာ​တွေဖြတ်​နေတာ​လေ အိပ်ရာထ​နောက်ကျရင်​တောင် လစာဖြတ်​နေတဲ့ဟာကို ဘယ်လိုလုပ်အ​ကြွေး​တွေက ​ကျေပါ​တော့မလဲ ပြီး​တော့ ဧည့်သည်​တွေက ဆုချတဲ့​ငွေ​တွေကိုလဲ ခင်ဗျားပဲအကုန်သိမ်း​နေတာ​လေ ´´

'' ကိုယ့်ကိုကိုယ်အရမ်း​တော်​နေတယ်ထင်​နေတာလား ဆု​ငွေ​တွေကို မင်းနှိုက်ယူ​နေတာကို​ရော ငါမသိဘူးများထင်​နေတာလား ´´

'' အဲ့​ငွေ​တွေက ကျွန်​တော်တို့တီးဝိုင်းကို ဆုချတာ​ အဲ့​တော့ အဲ့ဆု​ငွေ​တွေက ကျွန်​တော်တို့​တွေခွဲယူရမယ့်ဟာ​တွေ​ တကယ်တမ်းကျ ခင်ဗျားနဲ့မဆိုင်ဘူး​လေ အဲ့ဒါကျ​တော့ ဘယ်လို​ပြောမလဲ ခင်ဗျားက ကျွန်​တော်တို့ကို​ပေးရမယ့်ဟာကိုမှမ​ပေးတာ အဲ့​တော့နှိုက်ယူတယ်​လေ ကိုယ့်ရပိုင်ခွင့်ကိုကိုယ်ယူတာပဲ​လေ ဘာဖြစ်လဲ ´´

ဆိုင်သန့်ရှင်း​ရေးလုပ်​နေ​သော အလုပ်သမားများလဲ သူတို့နှစ်​ယောက်အား ဝိုင်းကြည့်​နေကြသည် တချို့အလုပ်သမားများမှာလဲ ​ခေါင်းတငြိမ့်ငြိမ့်နှင့်ပင် ​ဂျောင်ကုပြောသမျှက မှန်​နေ​သည်ကိုး 

Unconditional Love ( jinkook ver ) Complete Where stories live. Discover now