<Unicode>
ကိုကိုကဘာလို့ငါ့ကို မစောင့်ရတာလဲ မအားတာနေမှာပါ စိတ်မပူပါနဲ့ ကျွန်တော်အသံသွင်းတာပြီးတာနဲ့ ချက်ချင်းကိုကိုရှိတဲ့နေရာအရောက်လာခဲ့မှာမလို့ ဒီတိုင်းလေးပဲ စောင့်နေပေးပါ
တစစီကျိုးပဲ့နေတဲ့ စီဒီအပိုင်းအစတွေက ဧည့်ခန်းထဲမှာ ပြန့်ကျဲနေတာဘဲ ကိုကိုဘာများဖြစ်လို့ပါလိမ့် အသံသွင်းတာ အဆင်မပြေဘူးနေမှာ ဟင်း....... ဘယ်များရောက်နေပါလိမ့် သူတခန်းဝင်တခန်းထွက်ရှာရင်းမှ ဆုတွေထားတဲ့အခန်းထဲမှာ ရောက်နေတဲ့ ကိုကိုက ငေးငေးငိုင်ငိုင်နဲ့ မတ်တတ်ရပ်လျက်သား သူအနောက်ကနေ သိုင်းဖက်လိုက်ကာ
'' sorry ကျွန်တော်မြန်မြန်လေးလုပ်ဖို့ ကြိုးစားသေးတယ် အလုပ်တွေက ပုံနေတာမို့လို့ပါ ´´
သူ့ဘက်ကိုလှည့်ကာ သူ့ကိုပြန်ပြီး သိုင်းဖက်လာသည် ကျွန်တော်ဘယ်လောက်ပဲမောပန်းနေပါ ကိုကို့မျက်နှာလေးမြင်လိုက်ရရင် အကုန်အဆင်ပြေသွားတော့တာ
'' ကိုယ်က ဘာပြောလို့လဲ ´´
'' အသံသွင်းတာ ဘယ်လိုနေလဲ ´´
'' ဘာမှမဖြစ်ခဲ့ဘူး ´´
မျက်ရည်ဝဲနေတဲ့ ကိုကို့ကြောင့်အမြန်ပဲ စကားလမ်းကြောင်းလွှဲလိုက်ရသည် သူ့ရှေ့မှာသာ သန်မာချင်ယောင်ဆောင်နေတာ ကမာကောင်လေးတွေလိုလေ အပြင်ပိုင်းကသာ မာကျောခက်ထန်နေပေမဲ့ တကယ့်အတွင်းစိတ်က တအားနူးညံ့တာ နဲနဲလေးမှ အတိမ်းစောင်းခံလို့ မဖြစ်တာကို သူပဲသိသည်
'' အဲ့ဒါဆို ဒီနေ့ ဘာလုပ်ခဲ့လဲ ပြောပြပါအုံး ´´
'' ဘာမှမလုပ်ဖူး ကိုယ့်သီချင်းတွေကို နားထောင်နေခဲ့တာ ပြီးတော့ သီချင်းဆိုကြည့်ဖို့ ကြိုးစားခဲ့တာ အဆင်မပြေပါဘူး ´´
'' ဘာလို့မပြေရမှာလဲ ကိုကိုရဲ့ ကျွန်တော်ရှိတယ်လေ အကုန်အဆင်ပြေသွားမှာ ´´
'' အဲ့ဒါကိုထားပါ ဘာစားပြီးပြီလဲ ဒါမှမဟုတ် ဗိုက်ဟောင်းလောင်းနဲ့ သီချင်းဆိုနေခဲ့တာလား ´´
![](https://img.wattpad.com/cover/338527228-288-k508225.jpg)
YOU ARE READING
Unconditional Love ( jinkook ver ) Complete
Fiksi Penggemarငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...