<Unicode>
သတင်းစာကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ငေးငိုင်နေပြီး အတွေးနွံထဲနစ်နေသော ဂျောင်ကုအား ဆိုင်ရှင်ကစိတ်မရှည်တော့ဟန်ဖြင့်
'' ဟေ့ ကောင်လေး စဉ်းစားတာရပ်ပြီးတော့ အလုပ်ပြန်လုပ်ဖို့ပြင်တော့ ´´
'' ကျွန်တော်အလုပ်ထွက်မှာလို့ ပြောပြီးပြီနော် စကားတခွန်းကို နှစ်ခါပြန်ပြီး မပြောချင်ဘူး ´´
'' အင်း ပြောမရတဲ့အဆုံး ထွက်ချင်လဲထွက်ပေါ့ အေးပြီးရင်တော့ ငါ့ဆိုင်ရိပ်တောင်ပြန်နင်းဖို့ မကြိုးစားနဲ့နော် ပြီးတော့ စေတနာနဲ့တခါထဲ သတိပေးလိုက်မယ် မင်းလိုကောင်လေးမျိုးတွေကလေ သူတို့အတွက်က ပျော်တော်ဆက်အဆင့်လောက်ပဲ ငါပြောတာ နားလည်တယ်မလား ´´
စကားပြောနေရင်းမှ မောသွားဟန်ဖြင့်ဘေးမှာချထားတဲ့ ရေကိုယူသောက်လိုက်ကာ ဆက်ပြီးတော့ စကားနာထိုးပြန်သည်
'' ငါပြောချင်တဲ့အဓိပ္ပါယ်ကို မင်းလဲသိမှာပါ aww သူကအခုထိ ရည်းစားတွေဘာတွေမရှိသေးဘူးဆိုတော့လေ မင်းကိုတော့ စဉ်းစားလောက်မှာပါ ဟက် one night stand လောက်ပေါ့ ဟား ဟား ပြီးရင်တန်ရာတန်ကြေးပေးပြီး မင်းကိုကန်ထုတ်လိုက်မှာလေ အရင်ထဲက မင်းလဲကြားဖူးနေတာပဲလေ လူကုံထံအသိုင်းအဝိုင်းကလူတွေက ခြေတော်တင်ပြီးရင်စွန့်ပစ်ရတာ သိပ်ကြိုက်တဲ့အကြောင်းတွေပေါ့ ငါပြောတာနားလည်တယ်မလား ´´
ကားပေါ်ကဆင်းဆင်းချင်း ကြားလိုက်ရတဲ့စကားသံတွေကြောင့် လူကသွေးဆောင့်တက်သွားမိသည်အထိ ဒေါသကအလိပ်လိုက်ထွက်လာရသည် မန်နေဂျာဆိုတဲ့ကောင်ကို နေရာမှာတင်အမှုန့်ကြိတ်ပစ်ချင်စိတ်ကတဖွားဖွား သူကဘာကောင်မို့လို့ ငါ့ကလေးကို ဒီလိုစကားမျိုးတွေအထိ ပြောဆိုနေရတာလဲ သူကဘယ်သူမို့လို့လဲ သူ့ကိုဘယ်သူက ဒီလိုပြောပိုင်ခွင့်တွေ ပေးထားလို့လဲ ဘယ်သူ့အားကိုးနဲ့ဒီလိုပြောရဲရတာလဲ ဒေါသထွက်လာသည့်အလျောက် မျက်စိထဲဘာမှမမြင်တော့သည်အထိ အရာအားလုံးဟာ မှုန်မှုန်ဝါးဝါး ဖြစ်လာခဲ့သည် အဲ့ဒါကြောင့် မျက်စိရှေ့ပိတ်နေသော ခင်းကျင်းထားတဲ့ စားပွဲခုံတွေကို ခြေထောက်နဲ့စောင့်ကန်ကာ မန်နေဂျာဆိုတဲ့လူရှေ့ကို မပြေးရုံတမယ် ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားမိသည်အထိ
YOU ARE READING
Unconditional Love ( jinkook ver ) Complete
Fanfictionငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...