33

201 7 2
                                    

<Unicode>

က​လေးငယ်ထွက်သွား​တော့ အတင်းမှိတ်ထားတဲ့ မျက်လုံး​တွေကို ဖွင့်လိုက်ပြီး က​လေးငယ်နဲ့ အစ်ကိုယွန်ဂီ​ပြောသမျှကို နား​ထောင်​နေမိသည် မင်းကို စိတ်ဒုက္ခ​တွေ တစ်သီတစ်တန်းကြီး​ပေးထားမိပြီး ကိုယ်ကဘယ်လိုစိတ်နဲ့များ အိပ်​ပျော်နိုင်ပါ့မလဲ က​လေးငယ်

'' ကျွန်​တော်တို့ အ​ဝေးဆုံးကို သွားမယ် ဘယ်သူမှ ကျွန်​တော်တို့က်ို မသိတဲ့​နေရာ ကျွန်​တော့်စာချုပ်​တွေပြည့်ရင် ထပ်မချုပ်​တော့ဘူး အနုပညာ​လောကက​နေ ထွက်​တော့မယ် ကိုကိုမရှိဘဲ ကျွန်​တော်ဘာမှ မလ်ိုချင်ဘူး ကျွန်​တော်​အရင်ကအောင်မြင်ချင်ခဲ့တယ် ဒါ​ပေမဲ့ ဒီလိုအ​ခြေအ​နေမျိုးမှာ မဟုတ်ဖူး သူ့ကိုအဆုံးရှုံးမခံနိုင်ဘူး ´´

'' လူနာနဲ့အတူမင်းလိုက်ဖျားလို့မရဘူး​လေ ​ဂျောင်ကု မင်းရဲ့အချစ်က သူ့ကိုကုသ​ပေးတဲ့​ဆေးဆိုရင် ဘာလို့အခုချိန်ထိ အလုပ်မဖြစ်​သေးတာလဲ သူကသူ့အကျင့်​တွေ​ပေါ်မှာပဲ ရပ်တည်​နေတာ သူ့ရဲ့အပြစ်အနာအဆာ​တွေက​နေ သူကလွတ်​မြောက်ချင်တာ မဟုတ်ဖူး အဲ့ဒါကို မင်းကသူ့က်ို ဘယ်ကိုများ ​ခေါ်သွားချင်​သေးတာလဲ ´´

'' ကျွန်​တော်မဟုတ်ဖူး ကျွန်​တော်က သူ့ကို​ခေါ်သွားမှာ မဟုတ်ဖူး သူကကျွန်​တော့်ကို သူ့ရဲ့ကမ္ဘာထဲကို ​ခေါ်သွားမှာ သူ​နေ့​ရောည​ရော​နေတဲ့​နေရာ​လေ ပြီး​တော့ သူ​ပျော်ရွှင်လာမယ် သူ့ရဲ့အကျင့်​တွေက ကျွန်​တော့်ရဲ့အကျင့်​တွေ ဖြစ်လာမယ် သူ့ရဲ့အပြစ်အနာအဆာ​တွေက ကျွန်​တော့်ရဲ့ အပြစ်အနာအဆာ​တွေ ဖြစ်လာမယ် သူအဲ့ဒါ​တွေကို မထားခဲ့နိုင်ဘူး ဒါ​ပေမဲ့ ကျွန်​တော်က အဲ့ဒါ​တွေကို လက်ခံ​ပေးနိုင်တယ် အဲ့ဒီ့အဆိပ်သင့်​နေတဲ့အရာက သူ့ရဲ့အချစ်ဦးဖြစ်တယ်ဆိုရင်လဲ ကျွန်​တော်လက်ခံ​ပေးမယ် သူနဲ့အတူအရက်​သောက်မယ် မူးမယ် ဘား​တွေသွားမယ်​လေ တစ်ခါတစ်​လေမှာ သူ့ကိုလိုက်ရှာရမယ် ဒါ​ပေမဲ့လဲ ကျွန်​တော်ပြန်​တွေ့မှာပဲ​လေ သူ့အကျင့်​တွေကို သူငြီး​ငွေ့လာမယ် အဲ့ဒီအခါကျ သူကျွန်​တော့်ဆီ ပြန်လာပြီး​ပြောလိမ့်မယ် ထယ်​ယောင်း ငါပင်ပန်း​နေပြီ အဲ့ဒါဆိုရင် ကျွန်​တော်က​ပြောမယ် လာခဲ့ပါ အိမ်ပြန်ကြမယ်လို့​ အဲ့ဒါဆို သူပြန်လာလိမ့်မယ် ကျွန်​တော်တို့ပြန်လာခဲ့မှာပါ အစ်ကိုယွန်ဂီ ´´

Unconditional Love ( jinkook ver ) Complete Where stories live. Discover now