Unicode
ဖုန်းက silent လုပ်ထားသဖြင့် ဖုန်းဝင်သံ တဒီးဒီးကို ကြားနေရသည်။
တော်ဝင် မနက်စာ ကိတ်မုန့်မီးကင်တာကို လက်စသတ်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။
miss called သုံးခုနှင့်။ တော်ဝင့်ကို ဖုန်းခေါ်သည်မှာ တစ်ဦးတည်းသောလေးသာ ရှိသည်။contact မှာ ကလေးမလို့ မှတ်ထားသည့် ကောင်မလေး..
ဒီတစ်ခါဝင်မှ ကိုင်တော့မည်ဟု စဉ်းစားပြီးမှ ဖုန်းက သုံးခါတောင် မခေါ်ဖူး၍ ပြန်ဆက်လိုက်သည်။
တီ....
တစ်ခါသာဝင်ပြီး တန်းကိုင်လေသည်။
" ဘယ်လိုဖြစ်လို့ ဖုန်းတွေ ခေါ်နေတာလဲ နင်နဲ့ငါနဲ့ ဘာဆိုင်လို့လဲ.."
အတွေးတို့နှင့် ဆန့်ကျင်စွာ စကားလုံးကြမ်းကြမ်းတွေ ပြောမိသည်။
" မ အဟင့် ဗိုက်အောင့်လို့ "
" ဗိုက်အောင့်တာ ဆေးခန်းမသွားပဲ ဘာလုပ်နေတာလဲ သွားအခု.."
" ဟုတ် သွားမှာ ကယ်ရီသမားခေါ်ထားတယ်။
အာဘွားပေးပါလား.."" အာဘွားက ဘာကိစ္စပေးရမှာ သွားစရာရှိတာ သွားတော့လေ"
" အဟင့် အင့် ဗိုက်အောင့်.."
ရှိုက်သံ သဲ့သဲ့နှင့် ညည်းညူးသံကို ကြားနေရသည်။
" အရမ်းအောင့်နေတာလား . အာဘွားနော် ဆေးခန်းရောက်ရင် ဖုန်းဆက် ဆိုင်မှာပဲ ရှိမယ်..
မဖြစ်ပါဘူး.."ပြောရင်းဆိုရင်း ဖုန်းချသွားလေသည်။ မိုးရိပ်ကတော့ အာဘွားရလို့ သက်သာသလို ရှိပြီးမှ
ဘာမှ မပြောပဲဖုန်းချသွား၍ မျက်ရည်တို့ ကျလာမိသည်။ဗိုက်က မခံနိုင်အောင် အောင့်လာသည်မို့ အဆောင်က တီချယ်ကို သွားပြောပြီး အမရာနုကို ခေါ်ကာ ပိုက်ဆံအိတ်ဆွဲပြီးဆင်းလာရသည်။
အစိုးရ အဆောင်ဖြစ်တာကြောင့် အပြင်သွားရင် ထဘီဝတ်ရလေသည်။မနက်တည်းက ဗိုက်အောင့်နေတာကြောင့် ဆံပင်တို့ကိုလည်း မဖြီးနိုင်ပါ။
မျက်နှာ ပြင်ဖို့ ဆိုသည်မှာ ဝေလာဝေး၊ လူက မတ်မတ်ပင်မရပ်နိုင်။ဆေးခန်းရောက်၍ လူများနေသဖြင့် တစ်နာရီလောက် ထိုင်စောင့် နေရလေသည်။
စမ်းသပ်မည့် ကုတင်ပေါ် လှဲပြီး..

YOU ARE READING
ပြင်ဆင်ခွင့်လေး ပေးသနားပါ...( complete)
Lãng mạnEdit - ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း နောက်ပိုင်းတွေ ကွဲလွဲနိုင်သည်။ ဖြစ်ရပ်မှန်က ဘယ်လိုမှန်းမသိပင်မယ့် ကိုယ့်ဇာတ်ကောင်တွေကို ပေါင်းစေချင်တယ်။