Unicode..
ကိုယ်ဝန်က လေးလကျော်ပြီဖြစ်သည်ကြောင့်
ဆရာဝန်တွေ၏ ညွှန်ကြားချက်အရ
Anomaly Scan အနေနှင့် ဒုတိယအကြိမ်
Ultrasound ရိုက်သင့်သည်ဆိုသောကြောင့် ပြင်ဆင်ကြရပြန်သည်။ဆရာဝန်ရှင်းပြသည်မှာ ထိုအချိန်တွင် ရိုက်လျှင်..
-သန္ဓေသားရဲ့ အနေအထား( Fetal position)
- အချင်းအနေအထား ( Placenta localization )
- သန္ဓေသားလေးမှာ မွေးရာပါချို့ယွင်းချက်ရှိ/မရှိ( Fetal Abnormality)
- ရေမွှာရည်ပမာဏ( Liquor index)
-သန္ဓေသားလေး ပုံမှန်ကြီးထွားမှု ရှိ/မရှိ ( Fetal Growth) တို့ကို သိနိုင်တဲ့အတွက်ကြောင့် ဖြစ်သည်။တော်ဝင်မှာ သားသားလေးလား..
မီးမီးလေးလား သိချင်သော်လည်း
မိုးရိပ်မှာ မသိချင်။
မွေးတော့မှ သိပြီး ရင်ခုန်စိတ်လှုပ်ရှားချင်သည်။ဘာလေးမွေးမွေး ချစ်မည်ဆိုပင်မယ့်လည်းပေါ့။...
အမှောင်ရိပ်တို့ အပြင်လောက၌ ကြီးစိုးနေသော်လည်း အပြာနုရောင်အခန်းလေးထဲ ညအိပ်မီးရောင်မှိန်မှိန်လေးသည် သူအစွမ်းရှိသမျှ ထွန်းလင်းနေပေသည်။
မိုးရိပ်တစ်ယောက် ဆီးအိမ်တွေ တင်းနေသည်ကြောင့် ကုန်းထဖို့ ဟန်ပြင်တော့ ဗိုက်ပေါ် လက်လေး ဖွဖွတင်ထားသော တော်ဝင်ပါ နိုးလာသည်။
" ဘေဘီ toilet သွားမလို့လား.."
" ဟုတ်.."
" လာ မ ကို တွဲလိုက်.."
မိုးရိပ်ကို တွဲပြီး အထဲထိ လိုက်ပို့ပေးပြီး သေချာထိုင်စေသည်။
" မီးဖွင့်လိုက်ရမလား.."
" ဟင့်အင်း မဖွင့်ဘူး.."
" ဟောကြည့် ရှက်နေပြန်ပြီ မက မတွေ့ဖူးတာ ကျနေတာပဲ။ ရှင့်တစ်ကိုယ်လုံး မြင်ဖူးတယ်နော် ."
" အာ မနော်.."
" ဒီပူဖောင်းကြီးလည်း မြန်မြန်ပေါက်မှပါ။ ငါအသည်းယားပြီး လုပ်မိတော့မယ်။"
တော်ဝင်က တိုးတိုးလေးရေရွတ်သည်။" ဘာပြောတယ်။"
" ဟီး ဘာမှ မဟုတ်ဘူး.."
" မ နော်.."
" ရှင်.. ရှင့် "
" မပြောင်နဲ့.အပြင်ထွက်."
" ဘာလို့ ထွက်ရမှာလည်း ဘေဘီ့ကို တစ်ယောက်တည်း စိတ်မချပါဘူး.."
![](https://img.wattpad.com/cover/337527499-288-k617799.jpg)
YOU ARE READING
ပြင်ဆင်ခွင့်လေး ပေးသနားပါ...( complete)
RomanceEdit - ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း နောက်ပိုင်းတွေ ကွဲလွဲနိုင်သည်။ ဖြစ်ရပ်မှန်က ဘယ်လိုမှန်းမသိပင်မယ့် ကိုယ့်ဇာတ်ကောင်တွေကို ပေါင်းစေချင်တယ်။