Unicode..
🎶.. မနက်ခင်းလေး နိုးလာခဲ့ အရင်ဆုံးမင်းကို လွမ်းပါတယ်..🎶
" ဟဟ ငါ့ ကလေးကို လွမ်းနေပြန်ပြီ တစ်ကယ့်အရှုပ်ထုတ်မလေး.."
တော်ဝင်၏ ဆိုင်မှာ Menuအသစ် လုပ်ဖို့အတွက် မုန့်ကို စမ်းဖုတ်နေတာဖြစ်သည်။
ပါးစပ်ထဲရှိရာ သီချင်းညည်းမိသည်က သူမလေးကို လွမ်းသည့်အကြောင်း..
' ကလေးမ ဖုန်းဆက်ရင် ကိုယ်က မအားလို့ မကိုင်မိတာ မဆက်တော့ဘူးနဲ့တူတယ်။ ကြာလို့ စိတ်ပျက်သွားရင် ခက်ပြီ'
တွေးမိတွေးရာ တွေးပြီး သက်ပြင်းချလိုက်မိသည်။
' အခုက ညနေစောင်းဆိုတော့ ဒီကိတ်မုန့်ဖုတ်ပြီး ငါပဲ စားရမှာပါ။ ငါစမ်းလုပ်သမျှကို မြည်းမယ့်လူတော့ လိုနေပြီ..။ အခုချိန်ဖုန်းဆက်ရင် ကောင်းမှာပဲ သတိရလိုက်တာ..'
သတိရနေသည့် အချိန်နှင့် တိုက်ဆိုင်စွာ ကလေးမ ဆီက ဖုန်းဝင်လာသည်။
" Hell.."
Helloတောင် ဆုံးအောင်မပြောလိုက်ရ မိုးရိပ်က အလျင်စလို ဖြတ်ပြောလိုက်သည်။
" မ ရေ မ အရေးကြီးလို့ လိုင်းပေါ် အမြန်တက်ခဲ့.."
" ဟမ်.."
ပြောချင်ရာ ပြောပြီး တစ်ဖက်က ဖုန်းချသွားလေပြီ။
လက်မှာ ပေနေသော မုန့်နှစ်တွေကို ရေဆေးပြီး
line ပေါ်ကို အလျင်စလို တက်လိုက်မိသည်။•တင်
•တင်
•တင်
•တင်
စကားလာပြောကြသော အခြား account များ ကို လျစ်လျူရှူပြီး ကလေးမ ဟု မှတ်ထားသော မူပိုင်ရှင်လေးဆီကို ကျော်ခွသွားရသည်။• မ ရေ ..
• မရေ
• မလာသေးဘူးလား
• မြန်မြန်လာလို့
° လာပြီ လာပြီ ဘယ်လို ဖြစ်တာလည်း အလန့်တကြား အရေးကြီးလို့လား..
•ကြီးတယ်။
° အင်း ပြော..
• ဟီး VC ခေါ်..
' ဒီကလေးမ ဘာတွေ လုပ်ပြန်ပြီလည်း မသိပါဘူး။'
စိတ်ထဲမှ ရေရွတ်ပြီး vedio call ခေါ်လိုက်သည်။

YOU ARE READING
ပြင်ဆင်ခွင့်လေး ပေးသနားပါ...( complete)
RomansaEdit - ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း နောက်ပိုင်းတွေ ကွဲလွဲနိုင်သည်။ ဖြစ်ရပ်မှန်က ဘယ်လိုမှန်းမသိပင်မယ့် ကိုယ့်ဇာတ်ကောင်တွေကို ပေါင်းစေချင်တယ်။