p - 40

1.9K 72 0
                                    

Unicode..

တော်ဝင်တို့ နှစ်ယောက် ထမင်းစားခန်းထဲ၌ ညနေစာစားနေကြသည့် အချိန်တွင်
မိုးရိပ်ဆီသို့ ဖုန်းဝင်လာလေသည်။

နိုင်ငံခြားဖုန်းဖြစ်သည်ကြောင့် နှစ်ယောက်သား အံ့ဩနေကြပြီး

" Hello"

" ..."

" အာ doctor ဟုတ် ကိုယ်ဝန်က နှစ်လရှိနေပြီ.."

".."

" ဟုတ် ဒီတစ်ပတ်အတွင်းတော့ လာဖြစ်မယ်.."

".."

( doctor နဲ့ မိုးရိပ်ကတော့ English လို ပြောတာပါရှင့်)

မိုးရိပ် ဖုန်းကို စားပွဲပေါ် တင်လိုက်ရင်း သက်ပြင်းပူပူ တစ်ချက် မှုတ်ထုတ်လိုက်သည်။

တော်ဝင်က စိတ်ပူစွာ ကြည့်ရင်း

" doctor က ဘာပြောလို့လဲ.."

" ကိုယ်ဝန်က နှစ်လတောင် ရှိပြီ ကိုယ်တို့ကို တစ်လပဲ ပြန်ခွင့်ပေးလိုက်တာလေ။ တစ်ခုခုဖြစ်မှာ စိုးရိမ်နေတာနဲ့တူတယ်။
မ‌ ရော အလုပ်တွေ ပြီးပြီလား။ ကိုယ်တော့ ဒီတစ်ပတ်အတွင်း လာမယ်ပြောလိုက်တယ်။"

" ကိုယ့်အလုပ်တွေက ဘေဘီ့လောက် အရေးမကြီးပါဘူး.."

" အပိုတွေ ပြောပြန်ပြီ.."

" အခုတော့ အပိုတွေလို့ ထင်နေပြီပေါ့လေ.."

ရင်ခွင်ထဲ ဝင်ပြီး ကြောင်ပေါက်လေးလို ပွတ်သပ်နေသည်ကြောင့် မိုးရိပ် ရယ်လိုက်မိရင်း..

" ဗိုက်ထဲက ကလေးလေး ချွဲဖို့လည်း ချန်ထားပါအုံး.."

" ဗိုက်ကလေး ပြပါအုံး.."

အပျိုဗိုက်ဖြစ်သည်ကြောင့် နှစ်လပင် ရှိသေးသော်လည်း အနည်းငယ် စူတူတူလေးဖြစ်နေပေပြီ။ဗိုက်ဘေးသားတွေလည်း ပြည့်ပြည့်လေး ဖြစ်နေပြီ..။

တော်ဝင်က မိုးရိပ်ဗိုက်ကလေးကို ပွတ်သပ်ရင်း ပြုံးနေသည်။
ပြီးနောက် ဗိုက်ကလေးကို အသာဖိကပ်နမ်းရင်း..

" မီးမီးလေး ကျန်းကျန်းမာမာနဲ့ မေမေ့ကို မနာကျင်စေပဲ ထွက်လာရမယ်နော်.."

တော်ဝင်၏ အပြောကြောင့် မိုးရိပ် ခပ်ဟဟ ရယ်လိုက်မိရင်း...

" မ က မိန်းကလေး လိုချင်တာလား.."

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now