p - 31

1.6K 66 4
                                        

Unicode..

ခြံနှင့် နီးလာသည်နှင့်အမျှ မိုးရိပ်ရင်တွေ ခုန်လာသည်။
ဘာကြောင့်ဆိုတာ ကိုယ့်ကိုကိုယ်ပင်နားမလည်နိုင်တော့..

" မီးတွေက မှောင်နေတယ်.. ဘာဖြစ်တာလဲ မသိဘူး။ ကိုယ်မီးတွေ ဖွင့်ခဲ့ပါတယ်။"

" မီးပျက်တာနေမှာပေါ့ ဘေဘီရဲ့ .."

" ဟုတ်မှာပါ"

စိတ်ထဲ မတင်မကျနှင့် ခြံဝန်းတံခါးကို ဆင်းဖွင့်လိုက်သည်။

ပြီးနောက် ကားပေါ်ပြန်တက်ပြီး ခြံထဲသို့‌မောင်းဝင်လာလိုက်သည်။

ကားကို နေရာချပြီး ကားပေါ်က ဆင်းသည်နှင့်..

" လာ ဘေဘီ.."

လက်ကို အတင်းဆွဲခေါ်သွားသဖြင့် လိုက်ရပြန်သည်။

ဖြာကျနေသော လရောင်ကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရသော်ငြား လမ်းတော့ ကောင်းကောင်းလျှောက်နိုင်သည်။

လမ်းလျှောက်သည်ကို ရပ်လိုက်သည်နှင့် တပြိုင်နက်

" Surprise!!!"

" ဟယ် "

ထိန်ထိန်လင်းလာသော မီးရောင်စုံ၏ အောက်ဝယ် stage စင် သေးသေးလေး တစ်ခုအောက်တွင် စားပွဲဝိုင်း လေးငါးခုနှင့် မတွေ့တာ ကြာပြီဖြစ်သော သူငယ်ချင်းများ..

" ကျေးဇူးပါ သူငယ်ချင်းတို့ရယ်.."

" အဆင်ပြေတယ်မလား.."

" ပြေတယ် ပြေတာထက်ကို ပိုပါတယ်။"

" ဒါနဲ့ တော်ဝင်.."

" အေး "

" နင့်ဟာလေး အရမ်းလှလာတယ်နော်.."

" မကြည့်စမ်းနဲ့ အဲ့တာ ငါကြည့်ဖို့။ ငါက စိတ်ချမ်းသာအောင် ထားတော့ ငါ့ ဘေဘီက လှလာတာပေါ့ .."

" အေးပါဟယ်"

တစ်ဖက်တွင်လည်း မိုးရိပ် မတွေ့တာ ကြာပြီဖြစ်သော သူငယ်ချင်းတွေနှင့် စကားလက်ဆုံကျနေသည်။

" မတွေ့တာ ကြာပြီနော် နင် လှလာလိုက်တာ..."

" အေးတော်တော်ကြာပြီ.."

" ဘယ်လို အဆက်အသွယ်ရပြီး ရောက်လာတာ။"

"နင့်မိန်းမပေါ့ အလန့်တကြား ဆက်သွယ်လာပြီး ချက်ချင်းဆို ချက်ချင်း ခုလာဆိုလို့ ရောက်လာရတာ.."

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now